32-ကျွန်တော်ချစ်တဲ့~~သူ~~

5.2K 286 20
                                    

platformပေါ်၌ လမ်းလျှောက်နေသော
Baekhyun, Chanyeol မေမေ၏စကားများ
ပြန်ကြားယောင်ကာ သက်ပြင်းချမိလိုက်သည်။

Chanyeolမေမေနဲ့ CEO. Wuနဲ့က ငယ်ချစ်ဦးတွေ… မျိုးရိုးစဉ်ဆက်ချမ်းသာလာတဲ့
Wuမိသားစုက သာမာန်လူတဲ့စားဖြစ်တဲ့Chanyeolမေမေနဲ့
သဘောမတူခဲ့ဘူး… ဒါကြောင့် CEO. Wuကို
အဆင့်တူမိန်းကလေးတစ်ဦးနဲ့ လက်ထပ်စေပြီး
Wu Yifanကိုမွေးလာတယ်။

Chanyeolမေမေကလည်း သူမကိုငယ်ငယ်တည်းက တိတ်တခိုးချစ်နေသည့် အိမ်နီးချင်းအကိုParkနဲ့
လက်ထပ်ပြီးChanyeolကိုမွေးခဲ့တယ်။ Chanyeolဖေဖေဆုံးသွားတော့ သားအမိနှစ်ယောက်တည်း ရုန်းကန်ရင်းစာတော်တဲ့Chanyeolကြောင့်
L.Aမှာ တက္ကသိုလ်တက်ရန် Scholarရခဲ့ပြီး
သူမရဲ့ငယ်ချစ်ဦးဖြစ်တဲ့ CEO. Wuနဲ့ပြန်တွေ့
တော့ Chanyeolကိုအချိန်ပိုင်းအလုပ်မလုပ်စေပဲ
ထောက်ပံ့ပေးခဲ့တယ်။

တစ်နေ့မှာတော့ Chanyeolက အရက်တွေမူးပြန်လာပြီး L.Aကထွက်သွားပါရစေ တောင်းဆိုတာကြောင့်
CEO. Wuကပဲ တစ်ခြားသွားပြီးကျောင်းတက်စေခဲ့တယ်။ ဒီလိုနဲ့Chanyeolမေမေနဲ့ CEO. Wuက လက်ထပ်ဖြစ်ခဲ့တာ…

"ဒါဆို အန်ကယ်Wuက Chanyeolတို့ ကျေးဇူးရှင်ပေါ့!!"

Baekhyunခြေလှမ်းတွေရပ်သွားကာ ခပ်တိုးတိုးရေရွတ်မိသည်။ CEO. Wu၏ ကျေးဇူးရှိနေလို့ Chanyeol လက်ထပ်ပွဲကိုမငြင်းခဲ့မှန်း Baekhyunနားလည်သွားသည်။

"Park Chanyeolအရူးကောင်!!"

ရုတ်တရက်မြည်လာသောPhသံကြောင့် Baekhyun phထည့်ထားသည့် ဘောင်းဘီအိတ်ကိုနှိုက်လိုက်သည်။
Phနံပတ်စိမ်းဖြစ်နေသည်ကြောင့် တစ်ခဏတာ
တွေဝေပြီးမှ phဖြေလိုက်မိ၏။

"Hello, Byun Baekhyunပြောနေပါတယ်!!"

~~~~~

"ဒါဆိုကျွန်တော်က လက်ထပ်ပွဲကို နောက်ဆုတ်ပေးရမယ်ပေါ့!!"

Coffeခွက်ကို စားပွဲပေါ်ချလိုက်ရင်းပြောလာ
သော Baekhyunအသံကြောင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အမျိုးသမီးသက်ပြင်းချလာသည်။

"အန်တီသားကိုနားလည်ပါတယ်!! ဒါပေမယ့်
အန်တီသားကလည်း သားမှသားဖြစ်နေတော့!!"

"ကျွန်တော်Sehunကို နားလည်အောင်ပြောပြပြီးပါပြီ။ သူကလည်းကျွန်တော့်ကို ဒီကိစ္စနဲ့ပတ်သတ်ပြီး
အထွန့်တက်တာမရှိပါဘူး…"

" ~~The One~~ I Love "《✔Completed》Where stories live. Discover now