17-ကျွန်တော်ချစ်တဲ့~~သူ~~

3.8K 278 14
                                    

"ကျွန်တော် အိမ်ပြန်ရောက်ပါပြီ"

အသွားတုန်းက မျက်နှာထားနှင့်မတူဘဲ
chan yeolနှင့်အတူ အိမ်ပြန်ရောက်
လာသည့် yi fanမျက်နှာဟာ ပြုံးနေ
လေသည် ။

လူကြီးတွေ၏ ပြန်ထူးသံမကြားရပုံအရ
အိမ်ခန်းထဲရောက်နေပြီ ထင်ရဲ့… အ
ပြေးလာသော အိမ်အကူကောင်မလေး
နှစ်ယောက်ဟာ yi fanတို့ကို ခေါင်း
ငုံ့ကာ လာနှုတ်ဆက်လေသည် ။

"ညစာစားတော့မလား အကိုလေးwu??
?"

"ညစာစားမယ်မလား chan yeol"

"အင်း"

ကောင်မလေးတစ်ယောက်၏ အမေးစ
ကားကြောင့် chan yeolကို ပြုံးရင်း
မေးလာသော yi fanကြောင့် chan
yeolပြုံးရင်းသာ ပြန်ဖြေလိုက်သည် ။

"ညစာပြင်ထားပေး"

"ဟုတ်အကိုလေး wu"

ကောင်မလေးနှစ်ယောက် သူတို့အနား
ကထွက်သွားတော့မှ yi fanတစ်
ယောက် ဟိုဒီကြည့်ရင်း chan yeol
ပါးလေးကို ဖြတ်ကနဲ နမ်းလိုက်လေ
သည် ။

"yi fan!!"

"ချစ်လို့!! aigoo…… ကိုယ့်ကလေး
လေးက ချစ်ဖို့ကောင်းလိုက်တာ"

chan yeolသူ့ပါးဖောင်းဖောင်းလေးကို
လက်နှစ်ဖက်နှင့်ဆွဲကာ ကလေးတစ်
ယောက်သဖွယ် ဆက်ဆံခံနေရသော
ကြောင့် yi fanကို မျက်မှောင်ကျုတ်
ကာကြည့်လိုက်သည် ။

"wu yi…"

"သား… chan yeol!!"

ရုတ်တရက်ထွက်ပေါ်လာသော အသံ
ကြောင့် chan yeolလည်း အသံ
လာရာကို လှမ်းကြည့်ကာ အကြောင်
သားရပ်နေသလို yi fanလည်း chan yeolပါးပေါ်က သူ့လက်နှစ်ဖက် ကို ဖယ်ချလိုက်သည် ။

"ommaတို့ စကားခဏလောက်ပြောရ
အောင်"

"ဟုတ် omma"

chan yeol မေမေက ခြံထဲဆင်း
သွားတာကြောင့် သူလည်း လိုက်သွား
ရသည် ။ yi fanကတော့ အပေါ်
တက်သွားလေသည် ။

chan yeolသူ့ မေမေထိုင်ရာ ခြံထဲ
ရွှေငါးလေးတွေမွေးထားသည့် ကန်လေး
ဘေးက စားပွဲဝိုင်းလေးက ခုံမှာ ဝင်
ထိုင်လိုက်သည် ။

မေမေ မသိလောက်ပါဘူးနော်!!!

chan yeolမေမေ့မျက်နှာကို လှမ်း
ကြည့်လိုက်တော့ သူမမျက်နှာဟာ အေးချမ်းနေဆဲ… အရင်အတိုင်းလေး
ပင်… မသိလောက်သေးဘူး ထင်ရဲ့!!

" ~~The One~~ I Love "《✔Completed》Where stories live. Discover now