21-ကျွန်တော်ချစ်တဲ့~~သူ~~

3.2K 242 21
                                    

"yong လေး!!!"

ပျိုးပျိုးပျက်ပျက်မီးရောင်အချို့ ဖြန့်ကျက်
ထားသော clubတစ်ခုအတွင်း ခုန်ပေါက်ကခုန်နေကြသည့်
အသက်ရွယ်စုံ လူငယ်များကြား baek
hyun တိုးဝှေ့ကာ barဆီမှ စားပွဲပေါ်
ခေါင်းစိုက်နေသော ကောင်မလေးတစ်
ယောက်ဆီပြေးသွားမိသည် ။

"yong လေး!! yong လေး!!"

ပုခုံးလေးကိုကိုင်ရင်း အသာလှုပ်နှိုးတော့
volkaပုလင်းအချို့ကြား ခေါင်းစိုက်နေ
သော ကောင်မလေးက 'အင်း' 'အဲ'
ပြုလျက်ခေါင်းထောင်လာလေသည် ။
မနက်ကပဲ အဝတ်တွေတစ်စုံပြီးတစ်စုံ
ရွေးရင်း ပျော်မြူးနေသည့်ကလေးမဟာ
အခု ဘာဖြစ်လို့ပါလည်းလေ???

"အင်!! baek baek oppa"

"so yong na ထ!! ပြန်ရအောင်
ကွာနော်"

so yongက ခေါင်းအသာရမ်းရင်း…

"oppa!! wu yi fanကို ခေါ်ပေး
!! ဒင်းကိုခေါ်ပေးစမ်းပါ"

so yongကအော်ရင်း စားပွဲပေါ်က ပု
လင်းတစ်လုံးကိုယူကာ လက်ကျန်အ
ရက်တစ်ချို့ကို မော့နေပြန်တာကြောင့်
သူ ပုလင်းကိုဆွဲယူလိုက်သည် ။

wu yi fanဆိုတာ yeolရဲ့ကောင်
လေးမဟုတ်လား?? yongလေးနဲ့ ဘာ
ဖြစ်ထားပါလိမ့်??

"ထ!! ပြန်ကြမယ်နော်!! oppaထူပေး
မယ်"

ပုခုံးမှ ကိုင်ကာအတင်းဆွဲထူလိုက်တော့
yongလေးဟာ မူးမူးရူးရူးနဲ့ baek
hyunကို ဖက်လေသည် ။

"ကောင်စုတ်!! သစ္စာမရှိတဲ့ကောင်!! ငါ့
ကို တစ်ပတ်ပဲတွဲပြီး ယောကျာ်းတစ်
ယောက်နောက် ကောက်ကောက်ပါ
အောင် လိုက်သွားတယ်ပေါ့လေ… အရူး
ကောင်…"

"ဟုတ်ပါပြီ!! oppaသူ့ကို သွားပြော
ပေးမယ်နော် ဟုတ်ပြီလား??"

baek hyun, waiterလေး၏ အကူအညီဖြင့် အရက်သမားညီမလေး
ကို ကျောပိုးကာ clubအပြင်ဘက်
ထွက်လာမိသည် ။ ဒါတောင်ဒီကောင်
မလေးဟာ ငြိမ်ြိငိမ်မနေ… ကျောကုန်း
ကိုထုပြီး ပါးစပ်ကလည်းလျှောက်အော်
နေသေးတာ… မသိရငိ ကိုယ်ကပဲ သူ့
ကိုပစ်ထားမိသလိုလို… မလွယ်ပါလား??
lee so yongရယ်…

အိမ်ပြန်ရောက်တော့ baek hyunခမျာ
ဒင်းလေး၏ အရစ်ဒဏ်ကြောင့်တော်
တော်ကို မောသွားတာမို့အိပ်ရာပေါ် ခြေ
ပစ်လက်ပစ်ထိုင်ချပစ်လိုက်သည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now