27-ကျွန်တော်ချစ်တဲ့~~သူ~~

2.6K 233 23
                                    

"yah!! wu yi fan!! ဖယ်စမ်းကွာ... နှစ်ယောက်စလုံး
လှေကားပေါ်ကပြုတ်ကျပြီး ဂိသွားဦးမယ်"

မနက်ခင်းချိန်ခါ... အလုပ်ပိတ်ရက်
sundayမို့ yi fanရော chan yeolပါ အားနေကြသည် ။ ယခုလည်း
မနက်စားစာရန်အိမ်ပေါ်ထပ်က ဆင်း
လာသော chan yeolအား wu yi fanတစ်ယောက် လူအလစ်မို့ နောက်ကနေဖက်လိုက် ပါးကိုလှမ်းနမ်း
လိုက်လုပ်နေခြင်းပင်...

"ရှူးတိုးတိုး chan yeolပြောမှ လူကြီးတွေကြားကုန်ဦးမယ်... အဲတာ
ကြောင့် တိုးတိုးသက်သာလေးနေပြီး
ငြိမ်ခံလိုက်ပါ..."

"aww!! သူကလိနေတာကိုများငြိမ်ခံ
ပေးရဦးမယ်တဲ့... မပြီးနိုင်တော့ဘူး ည
ကလည်း... အဲ!!"

ရုတ်တရက်ပြောမိပြီးမှ chan yeol
ရှက်သွားကာပါးစိတ်ပိတ်လိုက်တော့ yi
fanက တဟားဟားရယ်ရင်း ပါးလေးကိုလှစ်ခနဲနမ်းကာ လှေကားပေါ်က ပြေးဆင်းသွားသည် ။

ကျန်ခဲ့သည့် chan yeolကတော့ အနမ်းခံလိုက်ရသည့်ပါးလေးကို အုပ်
ကိုင်ရင်းတပြုံးပြုံးနှင့်...

"morningပါ omma"

chan yeolသူ့မေမေကိုနှုတ်ဆက်ရင်း
စားပွဲတွင်ဝင်ထိုင်လိုက်သည် ။ အိမ်အကူကောင်မလေးအသင့်လာချပေး
သော coffeeကို တစ်ငုံသောက်လိုက်ချိန် ခြေဖမိုးထက်က
ယားကျိကျိဖြစ်သွားတာကြောင့် အသည်းယားပြီး coffeeပါသီးသွား
ရသည် ။

"ဘယ်လိုဖြစ်တာလဲ သားရယ်!! ရော့
ရော့ ရေသောက်"

chan yeolမေမေကရေလွက်လှမ်း
ပေးတော့ လှမ်းယူသောက်ရင်းမှ ရှေ့
တည့်တည့်က yi fanကို မျက်မှောင်
ကျုတ်ကြည့်မိတော့ သကောင့်သားလေး
က ခေါင်းငုံ့သွားရင်း တခိခိနှင့်ကြိတ်
ရယ်နေလေသည် ။

chan yeolသီးသွားရသည့်အကြောင်း
ကား wu yi fanတစ်ယောက် စား
ပွဲအောက်ကနေ chan yeolခြေဖမိုး
အား သူ့ခြေတံရှည်ရှည်ကြီးအားကိုးကာ
ခြေသည်းဖြင့် ပုရွက်ဆိတ်တက်နေသလို အသည်းယားစဖွယ် လာကလိနေသော ကြောင့်ဖြစ်သည် ။

"အ!!"

ရုတ်တရက်chan yeolက yi fan
ခြေထောက်အား ကန်ပစ်လိုက်သော
ကြောင့် wu yi fanတစ်ယောက်
ထိုင်နေလျက်ကပင် ယိုင်ခနဲဖြစ်ကာ
လက်ထဲက မုန့်တောင်လွတ်ကျသွားရ
သည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now