25-ကျွန်တော်ချစ်တဲ့~~သူ~~

2.8K 222 24
                                    

"မင်းသဘောကရော!! ကိုယ်ကတော့
အဲ့လိုက ပိုအဆင်ပြေမယ်ထင်တယ်!"

chan yeolရုံးခန်းထဲ စားပွဲပေါ်ပြန့်
ကျဲနေသော စာရွက်စာတမ်းတွေ file
တွဲတွေကို ကြည့်ရင်းပြောလိုက်တော့
ပြန်ဖြေသံထွက်မလာခဲ့...

"baek hyun!!"

"baek!!"

"အင်"

နှစ်ဦးသားကြားရုံ ခေါ်နေရာမှ အသံ ကျယ်လိုက်ပြီး သူ့ဘက်လှည့်ကြည့်
လိုက်မှသာ အသံသေးလေးထွက်လာ
ပြီး chan yeolကိုငေးကြည့်နေရာမှ
မျက်နှာလွှဲသွားသည် ။

ငေးကြည့်နေသည်ကို chan yeol
တွေ့သွားတာကြောင့် သူချောင်းတစ်
ချက်ဟန့်လိုက်ရင်း

"sorry!! ဘာပြောလိုက်တာလဲ??"

"ကိုယ်ပြောတာက..."

sorryတဲ့!! ကိုယ်တိုင်ပြောလိုက်မိတဲ့ စကားကသိပ် သူစိမ်းဆန်သွားမှန်းသိ
သည် ။ ခပ်တန်းတန်း မဆက်ဆံ ချင်ပေမယ့် မင်းအတွက်ပါyeol!! မင်းငါ့ကြောင့် အနေခက်မှာစိုးလို့ပါ...

ငါမင်းအတွက် အနှောင့်အယှက်မဖြစ်
ချင်ဘူး... ငါနဲ့ရှိနေချိန်တိုင်းမှာ မင်း
သက်တောင့်သက်သာဖြစ်နေစေချင်
တယ် ။

"ဈေးတွေထဲမှာ အဝတ်အစားဈေးနှုန်း လေးတွေ လိုက်စုံစမ်းကြည့်ရင်ကောင်း မလားလို့... အဲဒါ baekဘယ်တော့
အဆင်ပြေမလဲ!!"

baek??? ခေါ်နေကြမို့လို့ yeol
ယောင်ယမ်းပြီးခေါ်မိမှန်းသိပေမယ့် သူ
ပျော်နေမိတယ် ။ ဒီခေါ်သံလေးကို သူ
သိပ်လွမ်းနေခဲ့တာ...

baek hyunပြုံးလိုက်ရင်း...

ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းအတွက်ဆို ငါ
အမြဲအဆင်ပြေတယ် yeol...

"baekက ဒီမှာယာယီဆိုတော့ ဘယ်
အချိန်ဖြစ်ဖြစ်အဆင်ပြေတယ်... yeol
အဆင်ပြေတဲ့နေ့ပြောလေ"

"အင်း!!!!"

chan yeolက လက်တွင်ကိုင်ထား
သည့်ဘောပင်လေးကို မေးတွင်ထောက်
ကာ မျက်ခုံးလေးတွေတွန့်ကွေးရင်း စဉ်း
စားဟန်ပြုသည်ကို baek hyunလွမ်း
ဆွေးစွာငေးကြည့်နေမိသည် ။

ဒီလိုအမူအကျင့်သေးသေးလေးတွေက
အစ သူ့စိတ်ထဲအမြဲ လွမ်းနေခဲ့ရတာ...
နောက်ထပ်ပြန်မြင်ချင်နေခဲ့တာ

" ~~The One~~ I Love "《✔Completed》Where stories live. Discover now