16-ကျွန်တော်ချစ်တဲ့~~သူ~~

3.5K 298 25
                                    

"ဖြေပေးပါ!! မင်းစိတ်ထဲကအတိုင်း"

တည်ငြိမ်စွာထွက်လာသည့် chan yeol စကားကြောင့် yi fanသက်
ပြင်းချလိုက်မိသည် ။

ငါတည်ငြိမ်ချင်ယောင် ကြိုးစားနေရတာ ကို မင်းမသိပါဘူး yi fanရယ်

"so yongကို……"

yi fanနှုတ်ဖျားမှ တစ်လုံးချင်းထွက်
လာသော စကားတို့ကို chan yeol
ရင်ခုန်နှုန်းမြန်စွာ စောင့်မျှော်နေမိသည် ။ လက်ဖျားတွေလည်း ထိတ်လန့်စွာ
အေးစက်လျက်…

"င်ါနဲ့ ဘယ်လိုဖြစ်စေချင်လဲ??"

"ဘာကိုဆိုလိုတာလဲ yi fan!!"

"င်ါနဲ့ so yongကို ဘယ်လို
သဘောရလဲလို့"

ငါမေးတာတော့ မဖြေပဲ ငါ့ကိုမေးခွန်း
ပြန်ထုတ်နေသေးတယ်နော်… ငါ့ဆီက
ဘယ်လိုအဖြေမျိုးကြားချင်တာလဲ yi
fanရယ်…

ကျွန်တော်သက်ပြင်းချလိုက်ရင်း…

"လိုက်ပါတယ် မင်းတို့နှစ်ယောက်"

"စိတ်ထဲက မပါတဲ့စကားမပြောနဲ့ chan yeol!!"

စိတ်ထဲက မပါတဲ့စကား?? ဟုတ်တယ်
ငါတကယ်မဖြေချင်ဘူး yi fan…

"မင်းအသံတွေ တုန်နေတာ ငါခံစားလို့
ရနေတယ် chan yeol!!"

မင်းဘယ်လိုဖြစ်စေချင်တာလဲ yi fan
??? စိတ်ထဲက မပါဘဲ ဂုဏ်ပြုလိုက်
လို့ စိတ်တိုနေတာလား??

"အေးဟုတ်တယ်!! မင်းတို့နှစ်ယောက်
အရမ်းလိုက်ဖက်တယ်!! နတ်ဖက်တဲ့ စုံ
တွဲပဲ"

ကျွန်တော့်အသံအနည်းငယ် ကျယ်
လောင်သွားတာမို့ yi fanဟာ စူးစိုက်
ကြည့်လာလေသည် ။

"မရွဲ့နဲ့ chan yeol!!"

wu yi fan မင်းဟာလေ!!

"ကဲဒါဆို ဘယ်လိုဖြစ်စေချင်တာလဲ
ပြော!! ငါကမင်းကိုမေးတယ်!! မင်းက
ငါ့ကို မေးခွန်းပြန်ထုတ်တယ်!! ငါပြန်
ဖြေပေးတယ် မင်းစိတ်တိုင်းမကျဘူး!!
ဒါဆိုပြော ဘယ်လိုဖြေစေချင်တာလဲ
ပြော!! ဘယ်လိုစကားမျိုးကြားချင်လဲ?"

chan yeolစိတ်တိုတိုနှင့် အော်ရင်း
မျက်ရည်များပါစီးကျလာရသည် ။

wu yi fanဟာလေ တကယ်ပဲ!! သူ
ကျွန်တော့်ကို သက်သက်ရစ်တာ… ကျွန်
တော်သူ့ကို သဘောကျနေမှန်း သူသိ
ရဲ့သားနဲ့ ကျွန်တော့်ကို စကားကပ်တာ
!!!

" ~~The One~~ I Love "《✔Completed》Where stories live. Discover now