18-ကျွန်တော်ချစ်တဲ့~~သူ~~

3.7K 256 19
                                    

နွေးထွေးသော နူးညံ့မှုတစ်ခု…

သြော် ပူနွေးစွတ်စိုမှုလေးလည်း ပါသေး
သည် ။

ထိုခပ်နွေးနွေးအရာလေးက ကျွန်တော့်
မျက်နှာထက်တွင် ရွေ့လျားနေလေ
သည် ။ နှာခေါင်းထိပ်ကနေ အဖျားထိ
ထိုခပ်နွေးနွေးအရာလေးက ပွတ်ဆွဲ
သွားပြီး ဘယ်ဘက်ပါးပြင်ဆီရောက်
လာသည့် ဖိကပ်မှု…

အတန်ကြာပြီးနောက် ညာဘက်ပါးပြင်
စုပ်ယူခံရမှု… ကျွန်တော်ဘာများဖြစ်နေ
သည်လည်းလေ?? ထိုခပ်ရွရွအထိအ
တွေ့က အိပ်မှုံစုံမွှားဖြစ်နေသော ကျွန်
တော့် မျက်တောင်ဖျားကို အနည်းငယ်
လှုပ်ရွလာစေသည် ။

အားယူလိုက်ရင်း မျက်တောင်ဖျားတို့ကို
ပင်တင့်ကာ မျက်လုံးဖွင့်မိတော့ နီးကပ်
စွာရှိနေသည့် မျက်နှာလေးတစ်ခု…

ခပ်ထူထူမျက်ခုံးနက်နက်လေးတွေပေါ်
ခပ်ဝဲဝဲကျနေသည့် ခပ်ဝါဝါဆံစက
လေးတွေ… မှိတ်ထားသည့် မျက်လုံး ကလေးတွေကြောင့် ခပ်ရှည်ရှည် မျက်တောင်ဖျား ကလေးတို့ဟာ မှေးစင်းနေသည် ။

သွေးကြောစိမ်းလေးတွေယှက်သန်းနေ
သည့် ပါးမို့မို့လေးနှစ်ဖက်… ပုံကျစွာ
အနားသတ်ထားသော နှာခေါင်းချွန်ချွန်
လေး…

ကျွန်တော့် ပါးပြင်ဆီနစ်ဝင်နေသော နှာ
ခေါင်းထိပ်ကလေးနှင့် ပန်းနုရောင်နှုတ်
ခမ်းတွဲတွဲကလေးတွေ…

ထိုမျှလောက်ပြည့်စုံလွန်းသည့် မျက်
နှာပိုင်ရှင်သည် ကျွန်တော့်ချစ်သူမှ လွဲ
၍မည်သည်ရှိနိုင်ဦးမည်နည်း??? ထိုကဲ့
သို့သော ချစ်သူမျိုးကို ပိုင်ဆိုင်ထားရ
သည့် ကျွန်တော် သိပ်ကံကောင်းလွန်း
သည်မဟုတ်ပေဘူးလားလေ??

သူလက်ချောင်းကလေးတွေက ကျွန်
တော့်နဖူးပေါ် ဝဲကျနေသော ဆံပင်အ
ချို့ကို သပ်တင်လိုက်ပြီး နဖူးထက်ဆီ မနက်ခင်း အနမ်းတစ်ပွင့်ခြွေချသည် ။

"အပျင်းတစ်နေတဲ့ အိပ်ပုတ်လေး… နိုး
ရင်လည်း ထတော့ကွာ"

ကျွန်တော့်ပေါ် အုပ်မိုးလျှက်ပင်
ကြည်နူးရိပ်သမ်းနေသော မျက်နှာက
လေးနှင့် သူပြောလာသည် ။

"အိပ်ချင်သေးတယ်"

ကျွန်တော် နှုတ်ခမ်းလေးဆူရင်း ပြော
တော့ သူက ခပ်ဖွဖွရယ်သည် ။ ကျွန်
တော့်ပါးလေးကို လက်ဖဝါးနွေးနွေးတစ်
ဖက်နဲ့ အသာအုပ်ကိုင်လိုက်ရင်း…

" ~~The One~~ I Love "《✔Completed》Where stories live. Discover now