31-ကျွန်တော်ချစ်တဲ့~~သူ~~

2.8K 185 16
                                    

"လမ်းခွဲရအောင်!!"

"လမ်းမခွဲနိုင်ဘူးဆိုတာ ငါပြောပြီးသားChanyeol..."

Yifanငိုချင်စိတ်ကို ထိန်းကာအသံမာမာဖြင့်
ပြောလိုက်သည် ။ Chanyeolသည်ကား
ကုတင်အစွန်း၌ ထိုင်နေကာ ခေါင်းငုံ့ထားသည် ။

" ဒါကတော့မင်းသဘောလေ.. ငါတော့ဒီထက်ပိုပြီးမင်းနဲ့ခိုးကြောင်ခိုးဝှက် မချစ်နိုင်တော့ဘူး..."

Chanyeolသက်ပြင်းခိုးချမိသည်။

"စိတ်ကုန်စရာကောင်းတယ်"

"Park Chan Yeol!!"

ခပ်တိုးတိုးchanyeolစကားအဆုံး Yifanအော်ချလိုက်သည်မှာ စူးကနဲ...

"Wu Chanyeolပါ Wu Yifan!! ငါကမင်းအဖေ Wuဦးလေးရဲ့ သွေးသားမစပ်တဲ့သား"

တန်ပြန်အော်လာသည့် Chanyeolနား အပြေးသွားကာ Yifanသူ့ပုခုံးတို့အား ဆွဲကိုင်လှုပ်ရမ်းပစ်လိုက်သည်။

"ဟုတ်တယ်Wu Chanyeol!! ဒါပေမယ့် ငါ့အကိုတော့မဟုတ်ဘူး.. ငါ့ယောကျာ်းWu Chanyeol"

"မင်းလက်ဖယ်စမ်း Wu Yifan!!"

Chanyeol, မိမိပုခုံးထက်က Yifanလက်တို့အား ဖယ်ချပါသော်ငြား သူကအားနဲ့ဆုပ်ကိုင်ထားဆဲ...

"Chanyeol ah!! ငါတို့ချစ်ခဲ့ကြတယ်လေကွာ..
ပန်းခြံတွေ ကစားကွင်းတွေလည်းလျှောက်သွားပြီး ပျော်ခဲ့ကြတာပဲလေ..."

ကလေးချော့သလို လေသံအေးနှင့်ချောလာသောyifanကြောင့်
ငိုချင်ရက်လက်တို့ဆိုသလို
Chanyeolမျက်လုံးများနီရဲစပြုလာသည်။ Yifanသည်လည်း Chanyeolမိတ်ဆုံစားပွဲတုန်းက သန့်စင်ခန်းသွားမည်အကြောင်းပြချက်ဖြင့်
အားပါးတရငိုပြီးနောက် အိမ်တန်းပြန်လာသဖြင့်
မျက်လုံးများမှာနီရဲမို့အစ်နေသည်။

"ရုပ်ရှင်ရုံထဲသရဲကားသွားကြည့်ကြတာ ငါကအသံကျယ်ကြီးနဲ့ထရယ်နေလို့ မင်းငါ့ပါးကိုဆွဲလိမ်သေးတယ်လေကွာ.. ငရုတ်သီးတွေပြိုင်စားပြီး မျက်နှာတွေနီရဲနေကြလို့ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီးရယ်ခဲ့ကြသေးတယ်လေ..
ပန်းခြံထဲလည်းလူတွေအလစ် ခိုးခိုးနမ်းကြသေးတယ်လေ"

အရင်အမှတ်တရများ မျက်လုံးထဲမြင်ယောင်လာသဖြင့်
Chanyeolမျက်လုံးအိမ်မှ မျက်ရည်များစီးကျလာသည်။
ထို့အတူYifanသည်လည်း ငိုနေပြီဖြစ်သည်။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now