15-ကျွန်တော်ချစ်တဲ့~~သူ~~

3.4K 311 7
                                    

"LAကနေ seoulကိုမောင်းနှင်လာ
သည့် လေယာဉ်အမှတ်စဉ် AA 9204
လေဆိပ်သို့ ဆိုက်ရောက်လာပါပြီရှင်"

controlခန်းမှ ထွက်ပေါ်လာသော
airport announcer၏ အသံ
ကြောင့် airportတစ်ခုလုံးကြားရ အောင်တပ်ဆင်ထားသော speaker
ပေါင်းမြောက်များစွာမှ အသံများair
portတွင်း တညီတည်းထွက်ပေါ်လာ
၏ ။

စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ပြီး
နောက် LA terminal 2မှ ထွက်
လာသည့် ကောင်လေး၏ မျက်နှာဟာ
ပြုံးရွှင်လျက်ရှိနေသည် ။

အနက်နှင့် ခဲရောင်ရောစပ်ထားသော
ခပ်ကြီးကြီးဘေးအိတ်ကို ပုခုံးတစ်ဖက်
ပေါ်သေချာပြင်လွယ်လိုက်ရင်း အနက်
ရောင်rabinမျက်မှန်ကိုတစ်ချက်ပင့်
တင့်ကာ passportကိုကိုင်ရင်း
airportမှ ပြုံးရွှင်စွာထွက်လာလေ
သည် ။

airportအပြင်ရောက်ရောက်ချင်း
မျက်လုံးစုံမှိတ်ကာ လေဆတ်သောလေ
နုအေးကို ရှူရှိုက်လိုက်ရင်း ဘယ်ဘက်
လက်က အပြာရောင်ဒိုင်ခွက်လေးနှင့်
rolexနာရီလေးကို ငုံ့ကြည့်ကာ လက်
မလေးနှင့် အသာပွတ်သပ်ရင်း…

"yeol ah!! ငါမင်းဆီ လိုက်လာ
ပြီနော်… ငါ့ကိုတွေ့ရင် ဘယ်လိုတုန့်ပြန်
မှာလဲဟင်!!"

ပြုံးနေရာမှ သူ့နှုတ်ခမ်းလေးတစ်ချက်
တည်သွားကာ သက်ပြင်းရဲ့ရဲ့လေးချ
သည် ။

ဘုတ်**

"အ!!"

တစ်စုံတစ်ယောက်က အရှိန်ပြင်းစွာ
ဝင်တိုက်လိုက်တာမို့ ဟန်ချက်ပျက်ကာ
သူ့တစ်ကိုယ်လုံး ယိုင်နဲ့သွားရသည် ။

"yah!! လူလာနေတာမမြင်ဘူးလား?
?? နည်းနည်းပါးပါးရှောင်လေ"

သူကလည်း ဝင်တိုက်သေး ကိုယ့်ကို
ပိတ်ဟောက်နေတာကြောင့် သူ
စိတ်တိုသွားရသည် ။ ဝင်တိုက်သည့်
ကောင်လေးက အလျင်စလိုဖြင့် သူ့
နားက ပြေးရန်ပြင်နေတာကြောင့် သူ့
ထိုကောင်လေးလက်မောင်းကို လှမ်း
ဆွဲရင်း သူ့ရှေ့ပြန်ခေါ်လိုက်ရသည် ။

"ဟေ့ကောင်!!! ဂလန်ဂလားကောင်
အရင်ဝင်တိုက်တာမင်းလေ… ငါ့ကိုဘာ
လို့ လာအော်နေရတာလဲဟမ်!!!"

သူ့အသံတော်တော်ကျယ်သွားသည်ထင့်
… ထိုအရပ်ရှည်ရှည် ဆံပင်ရောင်စုံနှင့်
ကောင်လေးဟာ သူ့ကိုပါးစပ်အဟောင်း
သား ငေးကြည့်နေလေသည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now