23-ကျွန်တော်ချစ်တဲ့~~သူ~~

2.9K 243 24
                                    

se hun သူ့ရင်ခွင်ထဲမှာ အိပ်ပျော်
နေရှာတဲ့ ကောင်လေးကို ငေးကြည့်
နေမိတယ် ။ ငိုထားတာမို့ မျက်လုံး
လေးတွေဖောင်းကာ နှာခေါင်းထိပ်
လေးပါ နီရဲနေတာမို့ တစ်မျိုးလေးချစ်
စရာကောင်းနေသဖြင့် se hunပြုံး
လိုက်မိသည် ။

ငိုထားတာတောင် ချစ်ဖို့ကောင်းနေပါ
လား hyungရယ်…

မှိတ်ထားသည့် မျက်လုံးဖောင်းဖောင်း
လေးတွေအောက်က ခြောက်သွေ့နေ
သည့် မျက်ရည်စီးကြောင်းလေးကို သူ
လက်မလေးနှင့် အသာဖိသုတ်ပေးလိုက်
တော့ 'ဟင့်'ခနဲ တစ်ချက်ရှိုက်ကာ
ရင်ခွင်ထဲ တိုးဝင်လာပြန်တာမို့ ခပ်တင်း
တင်းဖက်ရင်း သက်ပြင်းအသာချမိ
သည် ။

ဒီလောက်ချစ်စရာကောင်းတဲ့ hyung
ကို ဘယ်သူကများဝမ်းနည်းအောင်
လုပ်ပါလိမ့်နော်… ဒီလူတော်တော်ဆိုးတဲ့
လူပဲ…

မည်သူမှန်းမသိပေမယ့် ထိုလူကို se
hunစိတ်တိုမိသည် ။ ဘာလို့ hyung
ကို ဝမ်းနည်းအောင်လုပ်ရသည်လဲ??
ဘာကြောင့်မှန်းမသိ hyungကို ငို
အောင်လုပ်သည့် လူကို se hunမုန်း
သည် ။

အိပ်ပျော်နေရှာသည့် hyungမျက်နှာ
လေးကို se hunကြည့်နေရင်းက နှုတ်
ခမ်းရဲရဲလေးဆီအကြည့်ရောက်တော့
အသည်းယားလာသည် ။ ထိုနှုတ်ခမ်း
လေးအရသာကို မြည်းစမ်းချင်စိတ်က
ထိန်းမရနိုင်တာမို့ မျက်လုံးလေးမှေးစင်း
ကာ မရဲတရဲဖြင့် အသာတိုးကပ်သွား
မိသည် ။

ထိုနှုတ်ခမ်းလေးနှင့်နီးလာတိုင်း hyung
နှာခေါင်းလုံးလုံးလေးမှ ရှူထုတ်လိုက်
သည့် လေငွေ့နွေးနွေးတို့က ပါးပြင်ကို
လာရောက်မွှေးကြူတာကြောင့် ဘယ်
ဘက်ရင်အုံက အကောင်ငယ်က နိုး
ကြွလာလေသည် ။

နူးညံ့သော နှုတ်ခမ်းပါးလေးနှင့် ထိတွေ့
လိုက်တော့ နှလုံးသားက ပိုပြီးခပ်မြန်
မြန်လှုပ်ရှားလာလေရဲ့… အသိစိတ်ကင်း
မဲ့စွာ ထိုနှုတ်ခမ်းလေးအား တစ်ချက်
စုပ်ယူလိုက်ပြီးမှ မျက်နှာပူစွာ တစ်ဖက်
လှည့်မိသည် ။

နှလုံးသားတည်ရှိရာကို လက်ဖြင့်အသာ
စမ်းလိုက်တော့ ခုန်လှုပ်နေသည်မှာ လူ
တောင်မောပန်းလာရသည်အထိ…

တုန်ခါလာသော ဘောင်းဘီအိတ်ထဲမှ
phကို အသာနှိုက်ယူလိုက်ရင်း hyung
ကို တစ်ချက်ကြည့်ကာ answer key
ကို draftလုပ်လိုက်သည် ။

" ~~The One~~ I Love "《✔Completed》Where stories live. Discover now