အပိုင်း ( ၁ ) အပိုင္း ( ၁ )

30.7K 1.1K 13
                                    

Unicode//

ဇူလိုင်လ ၁၀ ရက် , ၂၀၀၇ ခုနှစ်

ပြတင်းပေါက်အပြင်ဖက်မှ ပိုးပိုးပေါက်ပေါက်ရွာနေတဲ့ မိုးစက်များကို ကြည့်ရင်း အလင်းရောင် ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်သည်။ ဒီလိုမိုးအေးတဲ့‌နေ့
မျိုးမှာ သူထပ်ပြီး စာမလုပ်ချင်တော့တာကြောင့် စာကြည့်စားပွဲမှထပြီး ကုတင်ပေါ်မှာမှောက်နေလိုက်သည်။ ဒီရက်ပိုင်းကျောင်းမှာစာအရမ်းများတာကြောင့် တစ်နေ့တစ်နေ့ အိမ်စာလုပ်ရင်းနဲ့ကုန်ဆုံးသွားရတဲ့ သူ့အချိန်လေးတွေကိုနှမြောတသစွာ ပြန်တွေးမိသည် ။ ကလေးတစ်ယောက်ပီပီ တခြားကလေးတွေလို ပျော်ချင်ပါးချင် ဆော့ချင်ပေမယ့် ဖေဖေဂုဏ်ယူရတဲ့သားဖြစ်ဖို့ အတန်းထဲမှာ ပထမ‌နေ
ရာကို သူမောင်ပိုင်စီးထားနိုင်ဖို့ လိုသည်။

သိပ်မကြာခင်မှာပဲ တံခါးခေါက်သံကြောင့် အတွေးတွေကိုရပ်ပြီး တံခါးပြေးဖွင့်လိုက်တော့ ..

" သား.. သားအဖေပြန်လာပြီ..ဧည့်သည်လဲပါလာတယ် လာနှုတ်ဆက်လိုက်ပါဦး "

မေမေ့မျက်နှာကအရင်နေ့တွေလိုကြည်ကြည်လင်လင်ရှိမနေတာကြောင့်..

" ဟုတ် မေမေ "

သူထွေထွေထူးထူးမေးမနေတော့ပဲ အနောက်ကအသာတကြည်လိုက်သွားလိုက်သည် ..။

လှေကားအဆုံးကိုမရောက်ခင်မှာပဲ မြင်လိုက်ရတဲ့ ဖေဖေနဲ့အတူ မမြင်ဖူးတဲ့ ကလေးလေးတစ်ယောက်...

" သား.. အလင်းရောင်.. ဒီကိုလာ .. '

သူ့ဆီကမ်းပေးလာတဲ့ ဖေဖေ့လက်ကို လှမ်းဆွဲလိုက်တော့.. ဖေဖေက သူ့ကို ထိုကလေးလေးရဲ့အနားကို တွန်းပို့ရင်း..

" သား..အလင်းရောင် .. ဒီကလေးနာမည်က ကောင်းထက်ယံတဲ့"

ဖေဖေမိတ်ဆက်ပေးတဲ့ ထိုကလေးလေးကိုကြည့်လိုက်တော့.. ပိန်ပိန်သေးသေးလေးနှင့် ဖြူဖျော့ဖျော့အသားရောင်ရှိပြီး သူ့ကို အညိုရောင်မျက်လုံး၀ိုင်းများဖြင့် မော့ကြည့်နေသည်..။

" ဖေဖေ့ သူငယ်ချင်း ဦးကောင်းစံကို သိတယ်မလား ? "

" ဟုတ် .. သိပါတယ် ဖေဖေ "

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now