အပိုင်း ( ၁၆ ) အပိုငျး ( ၁၆ )

7.3K 523 40
                                    

Zawgyi //

ကောင်းထက် အရှေ့က လူနာပေါင်းများစွာကို တစ်ချက်လှမ်းကြည့်လိုက်သည်..။ ဒီနေ့ သူလာတွေ့ရတာက အရင်နေ့တွေကလို ဆေးရုံကြီးမှာ မဟုတ်ပဲ.. မရဲ့အဖေကိုယ်တိုင်ဖွင့်ထားတဲ့ ဆေးခန်းလေးမှာပင်..။ ဆေးခန်းဆိုပေမယ့်လည်း နာမည်ကြီး ဆရာဝန်ဖြစ်၍ လူနာအတော်များသည်..။ အဲ့အပြင် ဒေါက်တာကိုယ်တိုင်ပေးတဲ့တိုကင် က နောက်ဆုံးတိုကင်လားတော့မသိ..။ သူ့နောက်မှာစောင့်နေတဲ့ လူနာမရှိတော့ပေ..။

ဆေးခန်းရဲ့ စင်္ကြန်မှာ သူတစ်ယောက်တည်း ထိုင်လိုက် ထလိုက်နဲ့ ယောက်ယက်ခက်နေတာမို့ သူ့ဘေးနားက မ က သူ့ပုခုံးကိုခပ်ဖွဖွလေးပုတ်ပေးလာသည်...။

" အဆင်ပြေမှာပါ ထွေထွေထူးထူးမဖြစ်လောက်ပါဘူး.. မစိုးရိမ်နဲ့နော် "

သူ့ကို မစိုးရိမ်ဖို့ပြောနေပေမယ့်.. မ ကိုယ်တိုင်လည်း လက်တစ်ဖက်က ပုတီးကို မလွတ်တမ်းစိပ်နေဆဲဖြစ်သည်..။ ကောင်းထက် သက်ပြင်းချလိုက်ကာ.. စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး မ ရဲ့ ဘေးမှာ ငြိမ်ငြိမ်လေးဝင်ထိုင်လိုက်သည်..။

သူနံရံကို ခေါင်းမှီထားပြီး စိတ်ကိုလျော့ထားမိသည်..။ ငယ်ငယ်တည်းက တစ်ခုခုဆို အဆုံးစွန်ထိ ကြိုတွေးတတ်တဲ့ မကောင်းတဲ့ အကျင့်ကိုအကြိမ်ပေါင်းများစွာ ပြင်ဖို့ကြိုးစားခဲ့ပေမယ့်လည်း.. တကယ်တမ်း ဒီလိုအခြေအနေတွေကြုံလာခဲ့ရင် အမြဲမကောင်းတဲ့ဘက်ကပဲ တွေးနေမိတယ်..။

" ကောင်းထက်ယံ "

နားထဲကို ဆူးခနဲဝင်လာတဲ့ ခေါ်သံကြောင့် သူမျက်လုံးမှိတ်ထားရာကနေ ဆတ်ခနဲထထိုင်လိုက်မိသည်..။ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ မျက်စိတစ်မှိတ်အတွင်းမှာ ဆေးခန်းအတွင်းမှာ လူနာတွေမရှိတော့ပေ..။ ဆေးကောင်တာကိုလည်းပိတ်ထားလိုက်ပြီ ဖြစ်သည်..။ ဆေးခန်းရဲ့ တံခါးတစ်ခြမ်းကိုလည်း ပိတ်ထားလိုက်ပြီမို့ သေချာတာကတော့ သူပြီးရင် နောက်ထပ်လူနာလက်မခံတော့တဲ့ပုံပင်..။

" လာ.. မောင်ရင် ထိုင်ဦး.."

ဒေါက်တာ က သူ့ကိုမြင်တာနဲ့ ဖော်ဖော်ရွေရွေလှမ်းခေါ်တာမို့..ကောင်းထက်ပြုံးပြလိုက်ကာ.. ဒေါက်တာ့ရှေ့မှာဝင်ထိုင်လိုက်သည်..။ မ ကလည်း..သူ့ဘေးနားမှာ ခုံအပိုတစ်ခုဆွဲယူကာ လာထိုင်သည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now