အပိုင်း ( ၂၄ ) အပိုငျး ( ၂၄ )

5.8K 471 60
                                    

Zawgyi//

ဒီဇင်ဘာလ ၁၂ရက် , ၂၀၁၆ခုနှစ်

နေ့လည် တစ်နာရီ ;

" ဆရာ.. လူနာနိုးလာပြီ.. "

အလင်းရောင်ရဲ့ နားထဲမှာ ခြေသံတွေနဲ့ .. စကားပြောသံတွေ ဆူညံသွားသည်..။ အလင်းရောင် လေးပင်နေတဲ့ မျက်ခွံကို အတင်းကြိုးစားပြီးဖွင့်ကြည့်လိုက်သည်..။

ဖြူဖွေးနေတဲ့ မျက်နှာကျက်တစ်ခု..။ နောက်ပြီး.. သူ့မြင်ကွင်းထဲကို ဝင်လာတဲ့ မိုးစက်နှင့် တာရာ..

" အလင်းရောင်.. မင်းအဆင်ပြေလား.. ငါတို့ကိုမြင်ရလား.."

မိုးစက်က သူ့မျက်လုံးရှေ့မှာ လက်ဖဝါးကို ဘယ်ညာခါရမ်းပြတော့.. အလင်းရောင် ခေါင်းကို ဖြည်းညှင်းစွာ ညိမ့်ပြလိုက်သည်..။ မိုးစက်က ဝမ်းသာအားရ အမူအရာနှင့် တာရာကို လှည့်ဖက်ပြီး.. ခုန်ပေါက်နေသည်..။

အလင်းရောင် အခန်းပတ်ဝန်းကျင်ကို နည်းနည်းဝေ့ဝဲကြည့်လိုက်သည်..။ ဆေးရုံခန်းတစ်ခုပင်..။ ပုခုံးတစ်ဝိုက်က ဆိုးဆိုးရွားရွား နာကျင်နေဆဲဖြစ်သော်လည်း.. သူ့ကလက်တစ်ဖက် အပြည့် ဆေးအပ်တန်းလန်းတွေနဲ့ ထိုးထားတာမို့.. သူအသက်ရှင်လျက်ရှိနေသေးကြောင်း သေချာသွားသည်..။

" မင်း၂ရက်တောင် မေ့နေတော့.. ငါတို့က ပြန်မနိုးလာတော့ဘူးထင်နေတာ.. "

သူသက်သာစပြုလာပြီမို့.. ဆရာဝန်တွေက အောက်ဆီဂျင်ပိုက်တွေနဲ့ ဆေးပိုက်တွေကို လာဖြုတ်ပေးသွားတာမို့.. သူငုတ်တုတ်ထထိုင်နိုင်နေပြီဖြစ်သည်..။

အဖြစ်အပျက်တွေအကုန်လုံးကို သေချာ စီစီရီရီ မှတ်မိသေးတယ်လို့မဟုတ်ပေမယ့်.. သူတို့ရဲ့ ဆိုးရွားတဲ့ ရန်ပွဲကြီးကိုတော့ သေချာမှတ်မိနေသေးသည်..။ ရုတ်တရက် မေမေ့ကိုသတိရသွားတာမို့ .. အလင်းရောင် ကျောကိုမတ်ပြီးထိုင်လိုက်မိသည်..။

လက်မောင်းကို အားပြုလိုက်တာမို့.. ဆစ်ခနဲနာကျင်သွားတဲ့ ဒဏ်ရာတွေကြောင့် နာသွားသော်လည်း.. မေ့ဆေးအရှိန်ကောင်းကောင်းမပြေသေးတာမို့ အသံမထွက်သေးပဲ.. မျက်နှာသာရှုံ့မဲ့သွားတာမို့.. တာရာက ထိုင်နေရာက ထလာကာ.. ကျောနောက်မှာ ခေါင်းအုံးတွေခံပေးပြီး.. သက်တောင့်သက်သာဖြစ်အောင် ပြင်ပေးသည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာTahanan ng mga kuwento. Tumuklas ngayon