အပိုင်း ( ၁၁ ) အပိုငျး ( ၁၁ )

8.8K 568 9
                                    

အဝေးပြေးလမ်းမပေါ်တွင် ရှေ့ဆင့်နောက်ဆင့် ဖြေးညှင်းစွာ မောင်းနှင်လာတဲ့ ကားသုံးစီးရှိနေသည်..။ ပထမတစ်စီးမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းဟူသည့် အငွေ့အသက်တို့ စိုးမိုးနေပြီး.. ဒုတိယတစ်စီးမှာ အချစ်မိုးများ ရွာသွန်းလျက်ရှိပြီး.. တတိယတစ်စီးမှာတော့ မရပ်မနား ပေါက်ပေါက်ဖောက်နေတဲ့ ကြက်တူရွေးတစ်ကောင်နဲ့ မကြာခင် ပေါက်ကွဲတော့မယ့် ချိန်ကိုက်ဗုံးတစ်လုံးလိုခေါုင်းနဲ့ လူတစ်ယောက်ပါလာခဲ့သည်..။

" ဘဲကြီး.. ကျွန်တော်ပြောတာ နားထောင်နေလား.. အဲ့တာနဲ့ ဘာဆက်ဖြစ်တယ်မှတ်လဲ.. ကျွန်တော်တို့..."

အတောမသတ်နိုင်တဲ့ ပုံပြင်တွေကြောင့် တာရာ ကိုင်ထားတဲ့ စတီယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်..။ ဒီစိတ်နဲ့ဆို သူမကြာခင် ကားမှောက်တော့မှာမို့ ... စိတ်ကို တထစ်မှမလျော့ပဲ တင်းထားမိသည်..။ ကံကောင်းစွာနဲ့ သူ့ရှေ့က ကားနှစ်စီးက စားသောက်ဆိုင်တစ်ခုရှေ့ရပ်ဖို့ ပြင်နေတာမို့.. သူနောက်ကအမှီလိုက်ပြီး.. ပါကင်ထိုးလိုက်သည်..။

အလောတကြီးဝင်လာတဲ့ ကိုတာရာ့ကားကြောင့် ကောင်းထက် ကားပေါ်ကဆင်းနေရင်း လန့်သွားသည်..။ ဒီလောက် အလောတကြီး ကားရပ်လာပုံထောက်ရင် ကိုတာရာ သန့်စင်ခန်းသွားဖို့တော်တော်လောနေပုံပဲ..။

ကားကို ဒလမန်းကြမ်းထိုးရပ်ပြီးနောက် တာရာကားပေါ်ကနေ ခုန်ဆင်းပြီး တံခါးကိုခြေထောက်နဲ့ ကန်ထည့်လိုက်မိသည်..။

" တာရာ..? အဆင်ပြေလား.. "

မိုးစက်က ကားစက်ကိုအမြန်သတ်ပြီး... တာရာ့အနားရောက်သွားသည်..။ လင်းရောင်ကိုယ်တိုင်လည်း.. တာရာဒီလောက် အလောတကြီး ကြမ်းတမ်းနေတာ မကြုံဖူးတာမို့ Dash board ပေါ်မှာတင်ထားတဲ့ ပိုက်ဆံအိတ်နဲ့ ဖုန်းကိုအမြန်ယူလိုက်ကာ.. တာရာ့နားရောက်သွားသည်..။

" ဘဲကြီးက ကားရပ်မှာကို ကြိုလဲမပြောဘူး.. ကျွန်တော် ခေါင်းဆောင့်မိသွားပြီ.. "

တာရာပြန်မဖြေသေးခင်မှာပဲ.. ပွစိပွစိပြောရင်း ကားပေါ်က ဆင်းလာတဲ့ ရာဇာ့ဆီသို့ အကုန်လုံးအာရုံပြောင်းသွားတော့သည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now