အပိုင်း ( ၁၉ ) အပိုငျး ( ၁၉ )

6.8K 412 62
                                    

Zawgyi//

မေသရ သူ့ရှေ့ကအေးစက်နေပြီဖြစ်သော လက်ဖက်ရည်နှစ်ခွက်ကိုကြည့်လိုက်.. အခုချိန်ထိ ခေါင်းငိုက်စိုက်ကျပြီး ဘာစကားမှပြောမလာသေးတဲ့ မင်းခကိုကြည့်လိုက်နှင့် သူတော်တော် စိတ်မရှည်တော့ပြီဖြစ်သည်..။ အရေးကြီးပြောစရာရှိတယ် ဆိုပြီးခေါ်ထုတ်လာသော်လည်း.. အခုချိန်ထိ မင်းခပါးစပ်က အရေးကြီးတာနှင့်တူတာ တစ်ခွန်းမှမပြောသေးပေ..။

သူမ အခုချိန်ထိသည်းခံပြီး စောင့်နေရတဲ့အကြောင်းအရင်းက သူရှေ့ကလူက မင်းခ ဆိုတဲ့လူဖြစ်နေတာ တစ်ခုထဲ အတွက်ကြောင့်ပင်..။

" မင်းခ နင်ငါ့ကိုပြောဦးမှာလား..? "

နောက်ဆုံးတော့ မေသရမနေနိုင်စွာ သက်ပြင်းချတစ်ဝက်နှင့် မေးလိုက်မိသည်..။ ထင်တဲ့အတိုင်း မင်းခက နောက်ဆုံးတော့ သူ့ကိုမော့ကြည့်လာပြီဖြစ်သည်..။ခဏလောက်နေမှ မင်းခက မျက်မှောင့်အစုံကို ကျုံ့ထားပြီး မရေရာတဲ့ မျက်လုံးတွေဖြင့် အဝါရောင် စက္ကူစာအိတ်တစ်ခုကို စားပွဲပေါ်တင်ပြီး ရှေ့ကိုတိုးပေးလာသည်..။

"ဒါ ဘာလဲ ? "

မင်းခက ပြောဖို့ကိုငြင်းဆန်ပြီး စက္ကူစာအိတ်ကိုဖွင့်ကြည့်ရန်သာ တိုက်တွန်းဟန် မေးငေါ့ပြသည်..။ မေသရရဲ့ စိတ်ရှည်နိုင်စွမ်းက ကုန်ခမ်းသွားပြီး စာအိတ်ကို ဆောင့်ခနဲဆွဲယူလိုက်သည်..။ ခက်ခက်ခဲခဲကပ်မထားတဲ့ ဖွင့်ပေါက်ပြီးသား စာအိတ်ထဲက ရှိသမျှကို နှိုက်ထုတ်ပြီး စားပွဲပေါ်ပစ်ချလိုက်သည်..။ ဖရိုဖရဲနှင့် တစ်ချို့ကမှောက် တစ်ချို့ကလှန်ဖြစ်နေတဲ့ ဓာတ်ပုံများက လက်ဖက်ရည်နှစ်ခွက်အပြင် စားပွဲပေါ်က နေရာလွတ်တွေဆီ ဖရိုဖရဲပြုတ်ကျသွားသည်..။ စားပွဲပေါ်ကို အကြည့်ရောက်သွားတဲ့အချိန် မေသရ လက်များလေထဲမှာ ရပ်တန့်သွားသည်..။

ကောင်လေးနှစ်ယောက်.. ၊ တစ်ချို့ပုံက ရှင်းရှင်းလင်းရိုက်ထားပြီး တစ်ချို့ပုံတွေက တစ်ခုခုနဲ့ကာပြီး ခိုးကြောင်ခိုးဝှက်ရိုက်မှ ရလာတဲ့ပုံတွေပင်..။

ပက်လက်လှန်နေတဲ့ ဓာတ်ပုံနှစ်ပုံကို မေသရဆွဲယူလိုက်သည်..။ အလင်းရောင်နဲ့ ကောင်းထက်ယံ.. ။ တစ်ပုံက ပုခုံးဖက်ထားတာပေမယ့်.. တစ်ပုံကတော့ အလင်းရောင်က ကောင်းထက်ယံရဲ့ နဖူးကို ငြင်ငြင်သာသာ နမ်းရှိုက်နေတဲ့ပုံပင်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now