အပိုင်း ( ၅ ) အပိုငျး ( ၅)

10.3K 691 6
                                    

Zawgyi//

လင်းရောင်သူ့ကို ကုမ္ပဏီကဆင်ပေးတဲ့ ၀တ်စုံပြည့်တစ်ခုနှင့် စိတ်ထဲမသက်မသာစွာဖြင့် ၀တ်လာရသောကြောင့် မျက်နှာကမကြည်ပေ..

ခုနေသူ့ကို အသေးလေး မြင်သွားကြည့်ပါလား.. နက်ခ်တိုင်နဲ့ အနောက်တိုင်းဝတ်စုံနဲ့ အဖိုးကြီးလို ၀တ်ထားတယ်ဆိုပြီး လှောင်နေမှာ အသေအချာပင် ..

ဖေဖေ ပြောတဲ့ ဟိုတယ်ကိုရောက်တော့ .. အောက်ဆုံးထပ်က သီးသန့်စားသောက်ဆိုင်တွေထဲဝင်သွားလိုက်သည်..။

သူ့ကိုမြင်သည်နှင့် စားပွဲထိုးတစ်ယောက်က ပြေးလာပြီး ..

"ဆရာတို့အတွက် VIP room စီစဉ်ထားပါတယ် ခင်ဗျ .."

ပုံမှန်ဆို လုပ်ငန်းရှင်တစ်ချို့က သာမန်အခန်းတစ်ခန်းငှားပြီး အစည်းအဝေးလုပ်ရင်တောင် အကုန်အကျများတယ်လို့သတ်မှတ်ကြတာ.. အခုတော့ အထူးခန်းထိပါဆိုတော့ ဘယ်လောက်ထိကြီးကျယ်တဲ့ လုပ်ငန်းစုနဲ့တွဲလုပ်ရမယ်မှန်း သူခန့်မှန်းတောင်မကြည့်ရဲတော့ပေ။

အနည်းငယ် စိတ်လှုပ်ရှားလာတာကြောင့် .. စားပွဲထိုးရဲ့နောက်ကနေ သူလိုက်သွားတုန်း ၀တ်စုံကိုသေချာပြန်ပြင်ပြီး .. ဆံပင်ကိုသေချာသပ်တင်လိုက်သည် ..

ရှေ့က စားပွဲထိုးလေးက အခန်းတစ်ခန်းရှေ့ရောက်တော့ တံခါးနှစ်ချက်ကို အသံပေးရုံမျှ ခေါက်ပြီး.. တံခါးဖွင့်ပေးကာထွက်သွားသည်မို့ ..

ပွင့်နေသောတံခါးကို တွန်း၍ အပြုံးတစ်ခုနှင့် အခန်းထဲဝင်သွားလိုက်သည် ..။ အထူးခန်းရဲ့ အဲကွန်းအရှိန်ကြောင့်ပဲလား မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်လားမသိ .. သူတစ်ခါတစ်လေ မက်နေကျ အိမ်မက်ဆိုးတွေလို အမြင့်ကပြုတ်ကျသည့် ခံစားချက်မျိုးကို ရလိုက်သည် ..။

သူ့ရှေ့မှာရပ်နေတဲ့ အနက်ရောင်ဂါဝန်နဲ့ မိန်းကလေးက သူ့ကိုပြုံးရင်းနှုတ်ဆက်သည် .. ။ ပထမဆုံးအကြိမ်တွေ့တာဆိုပေမယ့် .. အလင်းရောင်ရဲ့ မျက်နှာက သိသိသာသာ ပျက်သွားသည် .. ။

ဖေဖေက လွယ်လွယ်အလျော့ပေးမယ့် လူစားမျိုးလုံးဝမဟုတ်တာ သူသတိလွတ်သွားမိသည် ..။ ဘယ်လိုလုပ်လုပ် လက်မခံမှန်းသိတာကြောင့် .. နောက်ဆုံးလိမ်ပြီးခေါ်ရတဲ့အထိ ဒီမိန်းကလေးနဲ့ တွေ့ပေးချင်နေခဲ့တာပဲ .. ။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now