အပိုင်း ( ၄ ) အပိုငျး ( ၄ )

10.7K 690 0
                                    

Zawgyi//

" သားငယ်ရေ .. မပြီးသေးဘူးလား.."

အောက်ထပ်မှ မေမေ့ရဲ့အော်ခေါ်သံကြောင့်.. ကောင်းထက် ခေါင်းသုတ်လက်စ အ၀တ်ကို ကုတင်ပေါ်ပစ်တင်ကာ.. အသင့်ချထားတဲ့ လွယ်အိတ်ကိုကောက်ဆွဲပြီး အောက်ထပ်ကိုပြေးဆင်းလိုက်သည်..

" အမလေး.. ဖြည်းဖြည်းဆင်းပါ သားငယ်ရယ်.. "

" မေမေ .. လင်းရောင်ရော.. "

ကောင်းထက် ထမင်းစားပွဲပေါ်မှာ အသင့်တင်ထားတဲ့ အသားညှပ်ပေါင်မုန့် ကိုပါးစပ်ထဲကိုက်ရင်း .. တို့လို့တွဲလောင်းဖြစ်နေတဲ့ လွယ်အိတ်ကြိုးကို ပုခုံးမှာ ပြင်သိုင်းလိုက်သည်..။

" ကားပေါ်မှာ စောင့်နေတယ်သား .. "

မေမေ ပြောလိုက်တာနဲ့ သူအိမ်တံခါးဝကို တစ်ချိုးတည်းပြေးပြီး နောက်မှာကျန်ခဲ့တဲ့မေမေ့ဆီကို အသည်းပုံတစ်ခုလုပ်ကာ လှည့်ပစ်ခဲ့သေးသည် ..။

" မြန်မြန် မြန်မြန်.. "

မောင်းသူနေရာမှာ အသင့်ထိုင်နေတဲ့ လင်းရောင်က သူ့ကို ညာသံပေးဟန်နှင့် ပြောလာတော့..

လင်းရောင်အသင့်ဖွင့်ထားတဲ့ ကားပေါ်ကို ဆွေ့ခနဲ ခုန်တက်ပြီး .. ကားတံခါးကိုအမြန်ပိတ်လိုက်သည်..

" ညန်ညန် ညန်ညန်.. "

လင်းရောင်အတိုင်းသံယောင်လိုက်ကာ လိုက်ပြောပေမယ့် .. သူ့ပါးစပ်ထဲမှာ ကိုက်ထားဆဲဖြစ်တဲ့အသားညှပ်ပေါင်မုန့်ကြောင့် မပီမသ အသံများထွက်လာတော့သည်..

" အဲ့တာကြောင့်ပြောတယ်.. နောက်နေ့မှခေါင်းလျှော်ပါတော့ဆိုတာကို.. "

လင်းရောင်ရဲ့ စကားကြောင့် ကောင်းထက်လက်ထဲမှာကိုင်ထားတဲ့ ပေါင်မုန့်ကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်ရင်း..

" ဘယ်ဒူအရင်းဆွဲနေရို့ အိပ်ရာထနောက်ကျတာရဲ.. !! "

သူ့ရဲ့ အသံကြောင့် လင်းရောင်းကားမောင်းနေရင်းမှာ သဘောတကျပြုံးနေသည်မှာ သူ့ဘယ်ဘက်က ပါးချိုင့်ခွက်ခွက်ကြီးများပေါ်သည်အထိ ..

တကယ်ပင် လင်းရောင်ကြောင့်နောက်ကျတာဖြစ်သည် ..။ မနက်က သူစောစောနိုးလို့ အိပ်ရာမှထရန်ပြင်ပေမယ့် .. အနောက်ကလင်းရောင်ခဏလောက်ထပ်အိပ်ရန် အတင်းဆွဲချသည်မို့ ငြိမ်ပေးနေရင်းကနေ အိပ်ရာထနောက်ကျသွားသည်ဖြစ်သည် ..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now