အပိုင်း ( ၂၃ ) အပိုငျး ( ၂၃ )

6.1K 578 97
                                    

Zawgyi//

ကောင်းထက် တံခါးကိုကျောပေးလိုက်ပြီး.. နောက်ပြန်လှည့်မကြည့်ပဲ လှေကားအတိုင်း တစ်ချိုးတည်း ပြေးဆင်းလိုက်သည်..။ ဟိုတယ်အဝမှာရပ်ထားတဲ့ မ ရဲ့ ကားပေါ်ရောက်ခံနီးမှာ .. ကောင်းရဲ့ ခြေထောက်တွေ လုံးဝခွေကျသွားသည်..။

" ယံယံ.."

မ က ကားပေါ်ကနေ ပြေးဆင်းလာပြီး.. သူ့လက်မောင်းကိုချိတ်တွဲလိုက်သည်..။

" လာ.. ကားပေါ်တက်လိုက်.. "

ကောင်းထက်.. ကြမ်းပြင်မှာ တရွတ်ဆွဲနေတဲ့ သူ့ခြေထောက်နှစ်ချောင်းကို မယုံနိုင်စွာ တစ်ခေါက်ပြန်ကြည့်လိုက်သည်..။ သူ့အာရုံတွေနဲ့ ကြိုးစားပြီးထောက်သလောက်.. ခြေထောက်တွေက ရွေ့မလာပေ..။

" ယံယံ!! ယံယံ ? "

ကောင်းထက် မ ခေါ်သံကြောင့် အာရုံတွေပြန်စုစည်းမိသွားသည်..။ မ က သူ့ကို စိုးရီမ်စွာ ကြည့်နေပြီး.. သူ့တစ်ကိုယ်လုံးကို မနိုင့်တနိုင်နဲ့ ဆွဲထူပေးနေရသည်..

" မ .. ကျွန်တော် .. ကျွန်တော့် ခြေထောက်.. "

ကောင်းထက် မ ရဲ့ လက်မောင်းတွေကို ကယောင်ကတမ်းလှမ်းဆွဲထားမိသည်..။ မ ကနှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ထားကာ.. သူ့ကိုခေါင်းခါပြရင်း.. အနီးနားကို အူအညီတောင်းရန်လှမ်းကြည့်ပြီးနောက်..

"အစ်ကိုရေ ညီမကို တစ်ချက်လောက်ကူညီပါ.."

မ ကအနီးနားက လုံခြုံရေး ဦးလေးကြီးတစ်ယောက်ကို လှမ်းခေါ်ပြီးနောက်..

" ညီမ မောင်လေးကို ကားထဲကူထည့်ပေးပါနော်.. သူနေသိပ်မကောင်းလို့ပါ.."

ထို့နောက် လုံခြုံရေး ဦးလေးကြီးရဲ့ အကူအညီနဲ့ ကောင်း ကားထဲကို ရောက်သွားသည်..။ ကားအပြင်မှာ ဖုန်းစကားပြောနေတဲ့ မ ကို ကောင်းထက် တစ်ချက်လှမ်းကြည့်လိုက်ပြီး.. အခုထိ လှုပ်ရှားမှုမရှိလာသေးတဲ့ သူ့ခြေထောက်တွေကို သူပြန်စမ်းနေမိသည်..။

" ယံယံ..ဖေဖေက ပြောတယ် .. ဆေးသောက်ပြီး.. ခဏငြိမ်ငြိမ်လေးနေလိုက်ရင် သက်သာသွားမှာတဲ့ အဲ့တာကြောင့် ဘာမှစိတ်မပူနဲ့နော်.."

လရိပ်က ကားထဲမှာ အသင့်ထည့်ထားတဲ့ ဆေးဘူးထဲက ဆေးလုံးတွေကို ကောင်းထက်ရဲ့လက်ထဲထည့်ပေးပြီး.. ရေသန့်ဘူးတစ်လုံးကို အသင့်ဖွင့်ပေးထားလိုက်သည်..။ ဘာစကားမှမပြောပဲ ဆေးသောက်နေတဲ့ ကောင်းကို လရိပ်ခိုးကြည့်နေမိသည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now