အပိုင်း ( ၁၇ ) အပိုငျး ( ၁၇ )

5.8K 255 42
                                    

Zawgyi//

" မင်း ကောင်းစံရဲ့ သားကို မွေးစားထားတာ ငါအခုထိမယုံနိုင်သေးဘူး စည်သူ "

ဦးမြတ်လင်းစည်သူ သူ့ရုံးခန်းတံခါးဝမှာ ဆေးလိပ်တစ်လိပ်နဲ့ ရပ်နေတဲ့ ဦးသက်ထွန်းနိုင်ကိုလှည့်ကြည့်လိုက်သည်..။ သူ့လက်ထဲမှာကိုင်ထားတဲ့ လုပ်ငန်းသုံးဖိုင်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး.. သူပုခုံးတွန့်ပြလိုက်သည်..။

" အဲ့တုန်း ကောင်းထက်ယံက ငယ်သေးတယ်.. ငါနည်းနည်းစိတ်မကောင်းလို့ .."

" နည်းနည်း ? "

ဦးသက်ထွန်းနိုင် အံ့သြကြီးစွာ သံယောင်လိုက်ကာ ပြောလိုက်မိသည်..။

" မင်းသူ့မျက်နှာမြင်နေရရင် စိတ်မလုံမဖြစ်ဘူးလား..? ကောင်းထက်ယံမျက်နှာက သူ့အဖေငယ်ငယ်တုန်းကနဲ့ တစ်ပုံတည်းနော်.. "

ဦးမြတ်လင်းစည်သူ မျက်နှာပျက်သွားသည်..။ ဘယ်သူကစိတ်လုံမှာလဲ.. ကိုယ့်လက်နဲ့သတ်ထားတဲ့သူရဲ့ သားကို ကိုယ့်လက်နဲ့ပြန်ပျိုးထောင်ခဲ့ရတာလေ..။

ဦးမြတ်လင်းစည်သူ သူ့အံဆွဲထဲက မှောက်ထားတဲ့ ဓာတ်ပုံဘောင်တစ်ခုကို ဆွဲထုတ်လိုက်သည်..။ ဓာတ်ပုံထဲမှာ အလွန်ပျော်ရွှင်နေတဲ့ သူငယ်ချင်း ၆ယောက်ရှိသည်..။

ကောင်းထက်ယံရဲ့ မိဘနှစ်ဦးဖြစ်တဲ့ ဦးကောင်းစံနဲ့ဒေါ်နုနုတင် ၊ အလင်းရောင်ရဲ့ မိဘနှစ်ဦးဖြစ်တဲ့ ဦးမြတ်လင်းစည်သူနဲ့ဒေါ်ချယ်ရီမိုးမြင့် နောက်ပြီး မေသရရဲ့ အဖေ ဦးသက်ထွန်းနိုင်နဲ့ ဒေါ်မေသဇင်ဦး တို့ သူငယ်ချင်း ခြောက်ယောက် ငယ်ရွယ်စဉ်ကဖြစ်သည်..။

သူတို့ သူငယ်ချင်းခြောက်ယောက်က ငယ်ငယ်တည်းက အရမ်းချစ်ခင်ကြတဲ့ အုပ်စုဖြစ်သည်..။ အဲ့တုန်းက ဦးကောင်းစံနဲ့ဒေါ်နုနုတင်တို့က အထက်တန်းထဲကတွဲလာတဲ့ အလွန်အင်မတန်မှကြည်နူးဖွယ်ကောင်းတဲ့ ချစ်သူနှစ်ဦးဖြစ်ပြီး.. လူတိုင်းအားကျရတဲ့မိသားစုနောက်ခံကောင်းကောင်းရှိတဲ့ သူနှစ်ယောက်ဖြစ်တယ်..။

ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ ဦးမြတ်လင်းစည်သူကတော့ ရုပ်ရည်ချောမောပြီး စာတော်တဲ့ နာမည်ကောင်းရှိပေမယ့်.. မိသားစုနောက်ခံမကောင်းတဲ့အပြင် တစ်နေ့ထမင်းတစ်နပ်မှန်အောင် စားဖို့ရုန်းကန်နေရပြီး.. အမေအိုကြီးကို ပြုစုစောင့်ရှောက်နေရတဲ့ ကောင်လေးတစ်ယောက်ဖြစ်သည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now