အပိုင်း ( ၂၁ ) အပိုငျး ( ၂၁ )

6.2K 509 97
                                    

Zawgyi //

ဒီဇင်ဘာလ ၁၀ရက် , ၂၀၁၆ခုနှစ်

အလင်းရောင် ကိုယ်လုံးပြည့်မှန်ပေါ်မှာမြင်နေရတဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ရှပ်အဖြူအပေါ်က ကုတ်အနက်ရောင်ကို ထပ်ဝတ်လိုက်သည်..။ မေမေက ကောင်းဒီနေ့မင်္ဂလာပွဲအမှီပြန်လာမယ်လို့ သေချာ အတိအကျပြောထားတာမို့ .. သူစိတ်လှုပ်ရှားနေမိသည်..။ အကုန်လုံးအဆင်ပြေပြေပြီးသွားတာနဲ့ သူကောင်းကို ရှင်းပြပြီး ဒီရက်ပိုင်းအတွင်း သူငြိမ်နေမိတဲ့အကြောင်းအရင်းကို သေချာပြောပြပြီး တောင်းပန်ဖို့ ပြင်ဆင်ထားပြီးးသားဖြစ်သည်..။

အကြာကြီး ပြန်တွေ့ရမယ့် ကောင်းကို သူ့ရင်ခွင်ထဲမှာ မြုပ်နေတဲ့ထိ ဖက်ထားဖို့ သူမစောင့်နိုင်တော့ပါ..။ ကောင်းရဲ့ အငွေ့အသက်လေးတွေကို သူအရမ်းလွမ်းနေပြီဖြစ်သည်..။ သူ့ကို ကောင်း စိတ်ဆိုးကောင်းဆိုး မုန်းကောင်းမုန်းနေနိုင်ပေမယ့်.. သူသာသေချာရှင်းပြရင် ကောင်းက သူ့ကိုယုံပေးပြီး.. နားလည်ပေးမယ်ဆိုတာ သူယုံသည်..။ ဘာတွေပဲဖြစ်နေပါစေ.. ဘယ်သူတွေဘယ်လိုပြောပြော ကောင်းက သူ့ဘက်မှာရှိနေမယ် ဆိုတာ သူအလိုလိုခံစားနေရတာမို့ ...

" သား.. လင်းရောင် ! "

လင်းရောင် မှန်ရှေ့မှာ အတွေးနယ်ချဲ့နေတုန်း နောက်ကမေမေခေါ်လိုက်တဲ့အသံကြောင့် လိပ်ပြာလွင့်မတတ် တစ်ကိုယ်လုံးတုန်တက်သွားတော့.. မေမေကသဘောတကျပြုံးကာ အခန်းထဲဝင်လာပြီး..

" ဘာတွေတွေးနေလို့ ဒီလောက်တောင်လန့်သွားတာလဲသားရယ်.. "

မေမေက တောင့်တောင့်ကြီးရပ်နေတဲ့ သူ့ကိုယ်ကိုဆွဲလှည့်ကာ.. ဝတ်ထားတဲ့ အနက်ရောင်ကုတ်အင်္ကျီကို ဆွဲဖြောင့်ပေးပြီး..သူ့လည်ပင်းက နက်ခ်တိုင်ကို ပြင်တပ်ပေးသည်..။ သူမေမေ့ကိုငုံ့ကြည့်ရင်းခေါင်းခါပြလိုက်သည်..။ မေမေက ပန်းနုရောင် မြန်မာဝတ်စုံပေါ်က ဇာပဝါလေးကိုလွှားထားပြီးတော့.. ပုံမှန်ထပ်ပိုပြီး.. ရိုးရိုးရှင်းရှင်းနဲ့ လှပနေသည်..။

" မေမေ ဒီနေ့အရမ်းလှနေတာပဲ.."

မေမေ့ကို သူချီးကျူးလိုက်တော့.. မေမေကရှက်ပြုံးလေးနှင့်.. သူပုခုံးကို ခပ်ဖွဖွတွန်းကာ..

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now