• Announcement •

7.8K 106 3
                                    

Unicode//

မတွေ့ရတာ ကြာပါပြီ သဲငယ်တို့ရေ ..
ကျေးဇူးပြုပြီး ဒီစာရှည်လေးကို သည်းခံပြီး အဆုံးထိဖတ်ပေးကြဖို့ အရင်ဦးဆုံးတောင်းဆိုပါတယ်..

ဒီတစ်ခါ ပန်ပန် ပြန်ပေါ်လာရတဲ့အ‌ကြောင်းအရင်းလေးကတော့ .. အားလုံးအတွက် ပျော်စရာသတင်းလေးနဲ့အတူ ပြန်လာခဲ့တာပါ ..

ပန်ပန် နဲ့အတူ ခရီးအရှည်ကြီးကို မညည်းမညူပဲ အနားမှာ အားပေးပြီး အမြဲစိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးခဲ့တဲ့ ပန်ပန့်ရဲ့ စာဖတ်ပရိသတ်တွေအတွက် သတင်းကောင်းကတော့ ..

" မှားယွင်းသောချစ်ခြင်း စစ်မှန်‌သောမေတ္တာ‌ " လေးဟာ စာအုပ်ကလေးအဖြစ်နဲ့ ပန်ပန် တို့လက်ထဲ သိပ်မကြာခင်ရောက်လာတော့မှာပဲ ဖြစ်ပါတယ် ..

ပန်ပန့် ကို message box မှာပဲဖြစ်ဖြစ်
Comment မှာပဲဖြစ်ဖြစ် စာအုပ်ထုတ်ဖြစ်လား လာလာမေးနေတဲ့ ပန်ပန့်ရဲ့ သဲငယ်တို့အတွက် သတင်းကောင်းလို့ထင်ပါတယ် ..

ပန်ပန်ကိုယ်တိုင်လည်း အရမ်းပျော်ပြီး စိတ်တွေလှုပ်ရှားနေပါတယ် .. ။ Book 2 ရေးဖို့ ပြင်နေပေမယ့်
မြန်မြန်အဆုံးသတ်လိုက်ရတဲ့ Book 1 လေးကို သံယောဇဉ်မပြတ်သေးတာမို့ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေခဲ့တာကြာပါပြီ ..

စာအုပ်တိုက်တွေစုံစမ်းလိုက် ၊ ထုတ်ဖူးတဲ့သူတွေလိုက်မေးလိုက်နဲ့ တစ်ယောက်တည်းဗျာများနေတဲ့အချိန် My Sunshine Book Publishing House
ကနေ ဆက်သွယ်လာတာမို့ အရမ်းကိုပဲ ဝမ်းသာမိပါတယ် .. ။

လူသိပ်မသိဘူးထင်တဲ့ ကိုယ့်ဝတ္ထုလေးက အများရှေ့ကို ချပြရမယ်ဆိုတော့ ပိုပြီး သတိထားပြီး ကြိုးစားနေပါတယ် ။

အခု အထူးတလည် ပြောပြချင်တာကတော့
ပန်ပန်က ဖုန်းကနေ တမ်းတင်တဲ့ သူမျိုးဖြစ်တဲ့အတွက် စာမူတင်ဖို့ကို အစကနေပြန်ရေးပြီး spelling , typing error , storyline error တွေကို သေချာပြန်စီစစ်နေပါတယ် .. ။

အဲ့ချိန်မှာ သတိထားမိတာတစ်ခုက ပန်ပန့်ကို လာပြောဖူးတဲ့သူရှိပါတယ် ။ ဒီဝတ္ထုက main characters တွေအတွက် ဇာတ်ကွက်နည်းတယ် ၊ အားမရသေးလို့ Extra ရေးပေးဖို့ တောင်းဆိုထားတဲ့သူတွေပါ .. ။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာDonde viven las historias. Descúbrelo ahora