ကောင်းထက် ဒီနေ့ တစ်နေကုန် အိပ်ရာပေါ်မှာ လှိမ့်ရင်း.. စာဖတ်ရင်းနှင့် အခန်းထဲက သိပ်မထွက်ဖြစ်.. ။ ခြံထဲလမ်းဆင်းလျှောက်ရန်အတွက်လည်း အပြင်မှာ မိုးကသည်းသည်းနှင့် .. တစ်ကယ်ပဲ တစ်နေ့လုံး အဆင်ပြေတာကိုမရှိပေ..။
ကုတင်ပေါ်မှာ သူခေါင်းရင်းမှာ ခြေထောက်နှစ်ဖက်ရောက်ပြိး.. ခြေရင်းမှာခေါင်းရောက်သည်အထိ.. လှိမ့်ပြီးနောက်.. နံရံမှာ ကပ်ထားတဲ့ နာရီကိုလှမ်းကြည့်တော့.. အချိန်အားဖြင့် ည၇နာရီ ၁၅မိနစ် ..
လင်းရောင်ပြန်ရောက်နေကြ အချိန်ဖြစ်သော်လည်း.. အခုထိပြန်မလာသေးသောကြောင့်.. သူ့ဘေးနားကခေါင်းအုံးကို ခြေရင်းကို ပစ်ပေါက်လိုက်သည်..
" ဒီလူလိမ်ကြီး.. မေသရ နဲ့ သွားတွေ့ပြန်ပြီမလားမသိဘူး.."
သူ့ဘာသာဆူအောင့်အောင့်နှင့် တစ်ယောက်တည်းရေရွတ်လိုက်သော်လည်း... တွေးပြီးမှ စိတ်မသန့်ဖြစ်ကာ.. ဖုန်းကိုကောက်ကိုင်လိုက်သည်..။
" ဖုန်းခေါ်ကြည့်လိုက်ရမလား.."
ပါးစပ်ကရွတ်နေတုန်းရှိသေးပေမယ့် .. လက်ကအလိုလို ထိပ်ဆုံးရောက်နေတဲ့ ဖုန်းနံပါတ်ကိုခေါ်ထားမိလျက်ဖြစ်နေသည်..
( ဟယ်လို.. ကောင်း.. )
" ဟယ်လို .. "
( အင်း.. ပြောလေ ကောင်း.. ဘာမှာချင်လို့လဲ .. )
တစ်ဖက်က လင်းရောင်ရဲ့ အသံက ကြားတစ်ချက် မကြားတစ်ချက်မို့.. သူစိတ်ရှုပ်သွားကာ..
" လင်းရောင် အခုဘယ်မှာလဲ .."
( ကိုယ် အိမ်ရှေ့မှာ )
" ဟမ်.. !?"
ကောင်းထက် ကုတင်ပေါ်မှာ ဗရိုဗရဲ လှဲနေရင်းမှ.. လှစ်ခနဲကောက်ထလိုက်ကာ.. အခန်းတံခါးကိုဖွင့်ပြီး.. လှေကားအတိုင်းပြေးဆင်းသွားကာ.. အိမ်ရှေ့တံခါးမကြီးကိုဆွဲဖွင့်လိုက်တော့..
တံခါးရှေ့မှာ တစ်ဖက်က ထီးဆောင်းပြီး.. တစ်ဖက်က ဖုန်းကိုင်ထားသည့်.. လင်းရောင်ကမျက်လုံးအပြူးသား သူ့ကိုစိုက်ကြည့်နေသည်..။
" လင်းရောင် !! ၀င်မလာပဲ ဘာလို့ မိုးရေထဲမှာရပ်နေတာလဲ ? "
လင်းရောင်က တံခါးဝမှာရပ်နေတဲ့သူ့ဆီ.. မိုးစင်သွားမှာစိုး၍ ထီးကိုအရှေ့တိုးပေးလာပြီး..
YOU ARE READING
မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာ
Teen FictionMyanmar Boy Love Series Zawgyi/Unicode version Originally written by _Pan_