အပိုင်း ( ၆ ) အပိုငျး ( ၆)

10.3K 666 6
                                    

လင်းရောင် မီးဖိုပေါ်တင်ထားတဲ့ နွားနို့အိုးထဲက နွားနို့ပူပူလေးကို ကောင်းရဲ့ ကိုယ်ပိုင်မတ်ခွက်လေးထဲကို မှောက်ထည့်လိုက်ပြီး .. ခွက်ကို ဗန်းပေါ်တင်လိုက်သည် ..

နွားနို့ခွက်ရဲ့ ဘေးက ပန်းကန်ပြားထဲမှာ.. ကောင်းအတွက် သူ တကူးတက၀ယ်လာတဲ့ စတော်ဘယ်ရီကိတ်တစ်တုံးနှင့်အတူ.. အကိုက်အခဲပျောက်ဆေးကဒ်တစ်ကဒ်ပါ ထည့်ထားသည် ..

ကောင်း ငယ်ငယ်ကလည်း စာအရမ်းလုပ်ရင် ခေါင်းခဏခဏကိုက်တတ်သည်.. ။ အဲ့လိုအချိန်မျိုးဆို သူ့ကို စတော်ဘယ်ရီကိတ်ချိုချိုလေး ပူဆာလေ့ရှိတာမို့.. ၊ တစ်ခါတလေဆို .. ခေါင်းမကိုက်ပဲ ကိတ်စားချင်လို့ဂျီကျတာတောင်ရှိသေးတာကို သတိရကာ သူပြုံးလိုက်မိသည်..။သူဝယ်လာတာသာ သိရင် အပျော်လွန်ပြီး ထခုန်မလားပဲ.. ။

လင်းရောင် သူအတွေးနဲ့သူဝမ်းသာနေကာ.. ကောင်းရဲ့အခန်းတံခါးကိုခေါက်လိုက်သည် ..။

အပြင်က တံခါးခေါက်သံကြားတာနဲ့ ကောင်းမှောက်အိပ်နေရာက အမြန်ကုန်းထလိုက်ပြီး.. မျက်ရည်တွေကို ကမန်းကတမ်း ပွတ်သုတ်လိုက်သည်..။

" ကောင်း .. ဘာလို့မီးမဖွင့်ထားတာလဲ.. "

မီးမဖွင့်ထားတာကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် .. အပေါက်ဝကနေ တံခါးကိုဒူးနဲ့တွန်းဖွင့်ပြီး .. ဗန်းတစ်ခုကို မနိုင်မနင်း သတိထားသယ်လာတဲ့ လင်းရောင်အရိပ်ကိုမြင်နေရသည် ..

" ခေါင်းကိုက်နေတော့.. မျက်လုံးစူးလို့ .."

မီးဖွင့်လိုက်ရင် သူရဲ့ငိုထားတဲ့မျက်နှာကို လင်းရောင်ချက်ချင်းရိပ်မိနိုင်တာမို့ ..

သူက အရင် ခေါင်းရင်းက ညအိပ်မီးအသေးလေးကိုဖွင့်လိုက်ပြီး .. ကိုယ်ပေါ်ကိုစောင်ယူအုပ်လိုက်သည်..

" ဒီမီးလောက်ဆို ရလား.."

" အင်း.. ကိုယ်ကရပါတယ် .. ကောင်း အသံတွေအက်ကွဲနေပါလား.. ဖျားနေလားစမ်းကြည့်ရအောင် "

လင်းရောင်က သူ့လက်ထဲက ဗန်းကို မီးအိမ်တင်ထားတဲ့ စားပွဲပေါ်ကို တင်လိုက်ပြီး.. ကုတင်ဘေးမှာ တစောင်းထိုင်ကာ.. သူ့နဖူးပေါ်လက်တင်လာသည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now