အပိုင်း ( ၂၀ ) အပိုငျး ( ၂၀ )

6.6K 487 136
                                    

Zawgyi//

ကောင်းထက် အိမ်ကထွက်လာတာ ၃ပတ် တိတိရှိပြီဖြစ်သည်..။ သူမြို့ပြင်နားက မလရိပ်တို့ သားအဖရဲ့ အိမ်အပိုမှာ နေနေရတာဖြစ်သည်..။ ဒေါက်တာနဲ့ မ က မကြာမကြာလာပြီး သူ့အတွက် လေ့ကျင့်ခန်းများနဲ့ ကုထုံးများကို စပြီးစမ်းသပ်နေပြီဖြစ်သည်..။

ဒီနိုင်ငံက ဆရာဝန်အစည်းအရုံးကို သူ့ဆေးစစ်ချက်နဲ့ တိုးတက်ရေးမှတ်တမ်းတွေ အပတ်စဉ်တင်ပြရပြီး.. အထက်က ပေးတဲ့ ကုထုံးအတိုင်း အတိုးအလျော့နှင့် သူလေ့ကျင့်ပြီးနေရသည်..။ မ တို့သားအဖက ဖြစ်နိုင်ရင် အပြင်မထွက်ဖို့ သတိပေးထားတာကြောင့် သူ့ရဲ့တစ်နေ့တာတွေက ဒီလူသူမရှိတဲ့ အိမ်လေးကနေ အရှေ့က ကွင်းပြင်အလွတ်ကြီးကို ငေးရင်း နေ့နေ့ညည အချိန်ကုန်ဆုံးရသည်..။ကုထုံးနဲ့ကုချိန် အီလက်ထရစ် ပစ္စည်းတွေနဲ့ မထိတွေ့ရတာမို့ သူတစ်ပတ်နေမှ တစ်ခါလောက်သာ အမေ့ကို ဖုန်းဆက်ပြီး ပရဟိတအသင်းနဲ့ နယ်လှည့်နေဟန် အကြောင်းပြထားရသည်..။ မေမေက အလှူအတမ်းဝါသနာပါသူမို့ သူ့ကို ထွေထွေထူးထူး တားပြီး အိမ်ပြန်လာရန် မတိုက်တွန်းပေ..။ ဖေဖေ့ကိုတော့ ပြောခဲ့ပေမယ့် သိပ်စိတ်ဝင်စားဟန်မပြတာမို့ သူသီးသန့်ဖုန်းဆက်မနေတော့ပဲ.. လင်းရောင်အကြောင်းကတော့ မေမေပြောပြရင် ပြောပြသလောက်တော့ သူသိနေရသည်..။ နောက် ၂ပတ်ကျော်အတွင်းမှာ လင်းရောင်ရဲ့ မင်္ဂလာပွဲကို ဖေဖေက မရမကစီစဉ်နေကြောင်းနဲ့ လင်းရောင်ကိုယ်တိုင်လည်း အလုပ်အပြီးသတ်စရာကျန်သေးသည်ဟူ၍ အိမ်ကိုပြန်မအိပ်တာ အတော်ကြာပြီဖြစ်ကြောင်းကို မေမေက စိတ်မကောင်းဖြစ်စွာ ညည်းညူပြောလေ့ရှိသည်..။

ကောင်းထက် ကိုယ်တိုင်လည်း ပင်ပန်းနွမ်းလျနေတာကြောင့် မေမေက သတိရလို့ မျက်နှာလေးမြင်ချင်တယ်ဆိုရင် အကြောင်းမျိုးစုံပြပြီး ငြင်းရသည်မို့ မေမေ့အတွက်လည်း စိတ်မကောင်းဖြစ်မိသည်..။ ကောင်းထက် ကုထုံးနဲ့ကုရန် လက်ခံလိုက်မိတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက သူသိတဲ့ လူတွေရဲ့ ပတ်ဝန်းကျင်မှာ မနေချင်တော့တာကြောင့်ဖြစ်သည်..။ တစ်နေ့တစ်ခြား အားနည်းလာတဲ့ ခန္ဓာကိုယ်ကြောင့် နှစ်ထပ်အိမ်လေးမှာ သူတစ်ယောက်တည်းရှိတဲ့အချိန်ဆို လှေကား အတက်အဆင်းလုပ်တာကိုတောင် ဒေါက်တာနဲ့ မ က သိပ်ခွင့်မပြုချင်ပေ..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now