အပိုင်း ( ၁၈ ) အပိုငျး ( ၁၈ )

7.5K 407 41
                                    

Zawgyi//

" ကောင်း.. "

ကောင်းထက် မလရိပ်နဲ့ ဒေါက်တာနဲ့အတူ ကော်ဖီဆိုင်မှာထိုင်နေရင်း . အနောက်က အလင်းရောင်ရဲ့ ခေါ်သံကြောင့် လန့်ပြီးလှည့်ကြည့်လိုက်သည်..။

" လင်းရောင် ဒီကိုဘာလာလုပ်တာလဲ..? "

သူ့ကို မမေးပဲ နောက်ကခိုးကြောင်ခိုးဝှက်လိုက်လာတာမို့ ဒေါသနဲ့အတူအော်လိုက်ပြီး သူဖတ်လက်စဆေးစာအုပ်ကို အမြန်ပိတ်ပြီး.. မလရိပ်ထိုင်နေတဲ့ဘက်ကို အမြန်ထိုးပေးလိုက်သည်..။

" ကိုယ်မင်းနဲ့စကားပြောချင်တယ်..."

" လင်းရောင် မမြင်ဖူးလား ကျွန်တော်လူကြီးတွေနဲ့စကားပြောနေတယ်.. နည်းနည်းယဉ်ကျေးမှုရှိဦး.."

လင်းရောင် ကောင်းရဲ့နောက်ကို လှမ်းကြည့်လိုက်တော့.. လူကြီးလူကောင်းတစ်ယောက်လိုဝတ်စားထားတဲ့ လူတစ်ယောက်နဲ့ လရိပ်ချိုဆိုတဲ့ အမျိုးသမီးက သူ့ကိုကြည့်နေကြသည်..။

" ယံယံ.. ကောင်းကောင်းပြောပါ "

သူ့ကိုဒေါသတစ်ကြီးအော်နေတဲ့ ကောင်းကို ဘေးမှာထိုင်နေတဲ့ လရိပ်ချိုဆိုတဲ့ အမျိုးသမီးက လက်ကို ခပ်ဖွဖွလေးကိုင်ကာ ချော့မြူလာတာမို့ လင်းရောင်ခေါင်းနပန်းကြီးသွားသည်...

( သူကမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ရမယ်.. မင်းကချစ်နေပေမယ့် ယောင်္ကျားလေးဖြစ်လို့ တားခွင့်မရှိဘူး.. ၊ မင်းကတစ်ယောက်တည်း အပေါ်မှာ အိပ်နေရတဲ့အချိန် အောက်မှာ ကောင်းထက်နဲ့ သူလက်ထပ်မယ့်မိန်းကလေးက လူကြီးချင်းတွေ့ပြီး မင်္ဂလာရက်ကို ရွေးနေကြပြီ.. မင်းဘာပြောမှာလဲ.. )

မနက်က တာရာ သတိပေးထားတဲ့ စကားတွေက နားထဲကို တစ်သီတစ်တန်းကြီးဝင်လာပြီး.. လရိပ်တွဲထားတဲ့ ကောင်းထက်ရဲ့ လက်ကို ဖြတ်ခနဲလုယူကာ ကောင်းကို သူ့နောက်ကျောဘက်ကို ပို့လိုက်သည်..

" မင်းအခုဘာလုပ်နေတယ်လို့ထင်လဲ ကောင်းထက်ယံ "

သူ့နောက်ကျောဘက်က ကောင်းထက်က သူခပ်ကြမ်းကြမ်းဆွဲဖျစ်ထားတဲ့ လက်တွေကို အသည်းအသန်ရုန်းကာ..

" ခင်ဗျားကမှ အခုဘာလုပ်နေတာလဲ !! အရူးလိုလုပ်မနေပဲ ကျွန်တော့်လက်ကိုလွှတ်ပေး !! "

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now