အပိုင်း ( ၁၄ ) အပိုငျး ( ၁၄)

8.1K 536 68
                                    

Zawgyi//

မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ကြည်လင်နေတဲ့ မနက်ခင်းတစ်ခု..။ နားထဲကို ငှက်ငယ်လေးတွေရဲ့ ကျီကျီကျာကျာ အသံလေးတွေက ချိုသာစွာဝင်လာသည်..။ ပွင့်ထားတဲ့ ပြတင်းပေါက်မှ အခန်းထဲကို နေရောင်နွေးနွေးလေးက လိုက်ကာကြားမှ ဖြာကျနေသည်..။ နေ့တိုင်း မိုးသက်လေပြင်းတိုက်နေတဲ့ မိုးရာသီကြီးမှာ ဒီလို သာယာလှတဲ့ နွေဦးလို မနက်ခင်းမျိုးရှိနေတာ အံ့သြဖွယ်ကောင်းလှသည်..။

ကောင်း သူ့ကျောကို နူးညံ့တဲ့ မွေ့ရာကြီးပေါ် အားရပါးရ ပြန်လှဲချလိုက်မိသည်..။

" အား.. ငါ့ရဲ့ ရည်းစားရပြီး ပထမဆုံးမနက်ခင်းလေး "

ခေါင်းထဲကို မနေ့က အတွေးတွေပြန်ဝင်လာတဲ့ အခါ .. သူ့မွေ့ရာပေါ်မှာ ပြန့်ကျဲနေတဲ့ ခေါင်းအုံးတွေထဲက တစ်လုံးကို လှမ်းယူပြီး မျက်နှာပေါ်ဆွဲဖိလိုက်သည်..။

" ရှက်စရာကြီး...ဟီးဟီး..."

ဆန့်ထုတ်ထားတဲ့ သူ့ခြေရင်းအောက်က စောင်အထွေးလိုက်ကို သူအသည်းယားစွာ ကန်ချလိုက်မိသည်..။ လူတစ်ကိုယ်လုံး မှောက်ခုံဖြစ်လိုက် ပက်လက်ဖြစ်လိုက်နှင့် အိပ်ရာပေါ်မှာ အကြိမ်ကြိမ် လှိမ့်နေမိသည်..။

" လင်းရောင် နိုးလောက်ပြီလား.."

အာ..ရည်းစားရှိတဲ့ ခံစားချက်က ဒီလိုကိုး.. ။ နိုးလာတာနဲ့ သူ့အကြောင်းလေးတွေးရတဲ့ ခံစားချက်က .. အရင်နိုးလာတာနဲ့ မနက်စာဘာစားမလဲတွေးရတာထပ် များစွာရင်ခုန်ဖို့ကောင်းနေသည်..။

သူထင်ထားသလောက်လည်း ရည်းစားထားရတာက ခက်ခဲမနေခဲ့ပါ..။ အဲ့လူက လင်းရောင်ဖြစ်နေတာမို့ ပိုပြီးလွယ်သွားတာဆိုလည်း ဘယ်မှားမလဲ..။

မနေ့က လင်းရောင် အကြာကြီးဖိပြီး နမ်းရှိုက်ခဲ့တဲ့ သူ့နှုတ်ခမ်းကို လက်ချောင်းတွေနဲ့ မသိမသာလေးပြန်ကိုင်ကြည့်မိတဲ့အခါ.. ဗိုက်ထဲမှာ လိပ်ပြာတွေပျံနေတဲ့ ခံစားချက်ဆိုတာ ဘာလဲသိလိုက်မိသည်..။

ကောင်းထက်ရဲ့ ခြေချောင်း လက်ချောင်းတွေက လေဖြတ်ထားတဲ့ လူလိုမျိုး ကောက်ကွေးနေပြီး..ပိုလီရိုဆွဲနေတဲ့ လူလို သူ့ခါးကအစ တစ်ကိုယ်လုံးတွန့်လိမ်ကာ အိပ်ရာပေါ်မှာ တီကောင်ဆားပက်ထားသလိုမျိုး တွန့်လိမ်ပြီး ဓာတ်လိုက်နေသလိုမျိုး တဆတ်ဆတ်နှင့် ပက်လက်လှန်လိုက် ၊ မှောက်ခုံဖြစ်သွားလိုက်နှင့် တစ်ယောက်တည်း ကမ္ဘာပျက်နေသည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now