အပိုင်း ( ၁၀ ) အပိုငျး ( ၁၀)

9.2K 556 5
                                    

" ကောင်း.. "

သူ့လက်မောင်းနှစ်ဖက်ကို ဖိကိုင်ထားသည့် လင်းရောင်ကို သူမော့ကြည့်လိုက်သည်...။ သူကမမူးဘူးဆိုပေမယ့်လည်း.. အနည်းငယ်တော့သောက်ထားတာမို့ ... မျက်လုံးးထဲဝိုးတ၀ါးဖြစ်နေသည်..။ သူ့လက်မောင်းပေါ်က နာကျင်မှုကြောင့် သူမျက်မှောင်ကျုံ့ထားပေမယ့်လည်း.. မှောင်နေလွန်း၍ လင်းရောင်ကမြင်မည့်ပုံမပေါ်ပါ..။

သူ့လက်မောင်းပေါ်က နာကျင်မှုလျော့သွားကာ.. အရှေ့မှာထိုင်နေတဲ့ လင်းရောင်ရဲ့ အရိပ်မရှိတော့တာကြောင့်.. သူပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်မိသည်..။ သူ့ကို ဒီအိမ်ထဲမှာ တစ်ယောက်တည်းထားခဲ့တာလား..

သူ့ခေါင်းထဲမှာ အတွေးပေါင်းများစွာ ပြေးနေချိန် ရုတ်တရက် အခန်းတစ်ခုလုံး မီးလင်းသွားသည်..။ မျက်လုံးထဲစူးခနဲဝင်လာတဲ့ မီးရောင်ကြောင့်.. သူကယောင်ကတမ်း မျက်လုံးကိုမှိတ်ချလိုက်မိသည်..။ ခဏလောက်နေမှ မျက်လုံးကိုပြန်ဖွင့်ကြည့်တော့..သူ့ပတ်ပတ်လည်မှာပြန့်ကျဲနေတဲ့ ဘောလုံးများ..နံရံမှာ ချိတ်ဆွဲထားတဲ့ ရွှေရောင်မီးကြိုးများ... အခန်းထောင့်က စားပွဲပေါ်က မဖွင့်ရသေးတဲ့ စတော်ဘယ်ရီကိတ်ဘူးလေး...။

" ဒါတွေအကုန် ကိုယ်မင်းအတွက်မနက်အစောကြီးထဲက ထပြီးပြင်ဆင်ခဲ့တာ.."

ဒါဆို.. မထင်မှတ်ပဲမူးနေလို့ ဖွင့်ပြောမိတာမဟုတ်ဘဲ.. သေချာစီစဉ်ထားတာပေါ့..။ ကိတ်ဘူးပေါ်က တံဆိပ်ကလည်း ကိုလွန်းတာရာဆိုင်ကဆိုတော့ .. အကုန်လုံးကိုသိပြီး.. ဒီအိမ်ကိုလာအောင် တမင်လုပ်တာ..။ လာကြိုတုန်းက ကြွက်စုတ်လို ချွေးတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကလည်း.. ဒါတွေကို လင်းရောင်ကိုယ်တိုင်လုပ်နေလို့တဲ့လား...။ သူ့နောက်မှာ မတ်တပ်ရပ်နေတဲ့ လင်းရောင်ကို သူအံ့သြတစ်ကြီးမော့ကြည့်လိုက်သည်..။

လင်းရောင်ကလည်း.. သူ့ကိုပြန်ငုံ့ကြည့်ကာ.. ပြုံးပြသည်..။ ပြီးတော့ ကြမ်းပြင်ပေါ်မှာထိုင်နေတဲ့ သူ့ကိုဆွဲထူကာ.. မတ်တပ်ရပ်နိုင်အောင်ကူပေးသည်..။

" အခုချက်ချင်း လက်မခံလဲရတယ်.. ။ ကောင်းအတွက် အကုန်လုံးက အသစ်အသစ်တွေ ဖြစ်နေမယ်ဆိုတာ ကိုယ်နားလည်တယ်..။ အခုချက်ချင်းမချစ်သေးရင်တောင် နည်းနည်းချင်း.. နည်းနည်းချင်းဆီ ကိုယ့်ကိုချစ်လာအောင် ကြိုးစားကြည့်ပေးပါ.."

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now