အပိုင်း ( ၂၂ ) အပိုငျး ( ၂၂ )

6K 504 96
                                    

Zawgyi//

မေသရ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မှန်ထဲက ကိုယ့်ပုံကိုယ်ပြန်ကြည့်နေမိသည်... ။ နောက်ဆုံးတော့ သူအရမ်းမျှော်လင့်နေတဲ့ နေ့ရက်ကို ရောက်လာခဲ့ပြီဖြစ်သည်..။ သူ့ရဲ့ သတို့သား ကိုယ်တိုင်ရွေးပေးတဲ့ မင်္ဂလာဆောင်ဝတ်စုံလေးကို ဝတ်ကာ လျှောက်လမ်းမှာ နှစ်ယောက်တူတူလျှောက်ရတော့မယ်ဆိုတဲ့ အတွေးနဲ့တင် သူအရမ်း ပျော်နေမိသည် ဖြစ်သည်..။

အတိတ်မှာ အလင်းရောင် ဆိုတဲ့ ယောင်္ကျားက ဘယ်လိုပဲဖြစ်ခဲ့ပါစေ.. သူ့အတွက် အရေးကြီးဆုံးက ဒီယောင်္ကျားက သူချစ်တဲ့ ယောင်္ကျားဖြစ်နေတယ်ဆိုတဲ့ အချက်ပင်...။ အနာဂတ်မှာ သူတို့နှစ်ယောက် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုထူထောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်သူ့မှာ အပြည့်ရှိသည်..။

မင်္ဂလာပွဲပိုနီးလေ အလင်းရောင် သူ့ကို ပိုဂရုစိုက်လေဆိုတာကို သတိထားမိလာတာနဲ့အမျှ.. အလင်းရောင်ကိုယ်တိုင်လည်း သူ့အပေါ်လုံးဝစိတ်မရှိတာမဟုတ်ကြောင်းနားလည်လာသည်..။ သူသာ အရင်လို တဇွတ်ထိုး မရိုင်းစိုင်းနေပဲ ပြုပြင်မယ်ဆို အလင်းရောင်လည်း သေချာပေါက် ပြုပြင်ပြီး.. သူ့ကို ချစ်ပေးမယ်လို့ သူယုံကြည်တာမို့ မေသရ ပီတိ အပြုံးလေးဖြင့်ပြုံးလိုက်မိသည်..။

" သတို့သမီးက အရမ်းလှတော့.. ဘာမှတောင် သိပ်မပြင်လိုက်ရဘူး.. ကြည့်ပါဦး.."

သရ.. ဆံပင်ပြင်ပေးနေတဲ့ မိတ်ကပ်ဆရာမရဲ့ စကားကြောင့် ရှက်ပြုံးလေးနှင့် ပြုံးပြလိုက်မိသည်..။

" အောက်မှာ လာကြိုတဲ့ကားရောက်ပြီ.. သတို့သမီးကို အောက်ကိုတွဲပို့ကြပါဦး.. "

အခန်းထဲမှာ ဆူညံသွားပြီး.. ယောက်ယက်ခက်နေတဲ့ မိတ်ကပ်ဆရာမတွေကြားထဲမှာ သရက မင်းသမီးလိုတစ်ယောက်လိုဖြစ်နေပြီး.. အထိခိုက် အပွန်းပဲ့မခံရအောင် ဝိုင်းကာကွယ်နေကြသလိုဖြစ်နေသည်..။ နောက်ဘက်မှာ တွဲလောင်းကျနေတဲ့ ပဝါစကို တစ်ယောက်ကမ ၊ ဂါဝန်ရဲ့အရှည်စကို ဘယ်တစ်ယောက် ညာတစ်ယောက်မ ရင်း.. သရ တဖြည်းဖြည်းအိမ်အပြင်ကိုရောက်လာသည်..။ တံခါးဝမှာ ပိတ်ရပ်ထားတဲ့ ကမာရောင် မင်္ဂလာကားကြီးက ခမ်းနားစွာ ကြိုဆိုနေတာမို့ သရ ရင်တွေခုန်နေမိသည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now