အပိုင်း ( ၇ ) အပိုငျး ( ၇)

9.8K 621 9
                                    

လင်းရောင် ဘာမှပေါ်မလာသော လက်ပ်တော့ရဲ့ မျက်နှာပြင် မည်းမည်းကြီးကို စိုက်ကြည့်နေမိသည်..။

မနေ့ညက ကောင်းထက်က တစ်ညလုံး အဖျားတက်ပြီးညည်းလိုက် .. သူရေပက်တိုက်ပေးရင် ပြန်အိပ်သွားလိုက်နှင့်.. မနက်မိုးစင်စင်လင်းတော့မှ အဖျားကျသွားသည်..။ သူကိုယ်တိုင်လည်း တစ်ညလုံး အတွေးပင်လယ်နဲ့မို့ ပြန်မအိပ်ပျော်တော့ပဲ.. ရုံးမှာလာထိုင်နေလိုက်ခြင်းဖြစ်သည်..။

" လင်းရောင်.."

မနက်၇နာရီ အစောပိုင်းဖြစ်သော်လည်း .. သူဖုန်းဆက်ခေါ်လို့ အပြေးတစ်ပိုင်းရောက်လာပေးသော.. မိုးစက်နဲ့ တာရာ့ သူမော့ကြည့်လိုက်သည်..။

" ဘာဖြစ်တာလဲ.. အလင်း.."

"ထိုင်ဦး.."

အပေါက်ဝက ၀င်လာတဲ့ သူတို့နှစ်ယောက်က လင်းရောင်အရှေ့ ကလွတ်နေတဲ့ထိုင်ခုံမှာ အသီးသီးဝင်ထိုင်လိုက်သည်..

လင်းရောင် သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်.. ။ သူသက်ပြင်းသံကို ကြားတော့ တာရာက..

" ထပ်ပြီး.. ကောင်းထက် ကိစ္စပဲလား.."

" အင်း.."

လင်းရောင် နဖူးပေါ် ဘုတ်သိုက်ကျနေတဲ့ ဆံပင်တွေကို ခပ်ကြမ်းကြမ်းသပ်တင်လိုက်မိသည်..

မိုးစက်နဲ့တာရာက သူကျောင်းစတက်တဲ့အချိန်ထဲက ခင်ခဲ့သူငယ်ချင်းတွေ ဖြစ်သလို.. တစ်ယောက်အကြောင်းတစ်ယောက် မသိတာ မရှိသလောက်ရှားသည်..။

မိုးစက်က သူ စိုးမိုးထက်နဲ့မတွဲခင်ထဲက ယောင်္ကျားတွေကိုပဲနှစ်သက်ကြောင်း ကျွန်တော်တို့ကို ပြောလာချိန်က.. ကျွန်တော်နည်းနည်းအံ့သြခဲ့ဖူးသည်..

ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်းကြည့်ရင် နောက်ကောက်ကျစရာမရှိတဲ့ မိုးစက်က သူ့နားမှာ ၀ိုင်းနေတဲ့ နတ်မိမယ်များကို .. သူကဂေးပါဟု ပေါ်တင်ငြင်းခဲ့တာကြောင့် ..တစ်ချိန်တည်းမှာ လေးလည်းလေးစားမိသလို.. ဖြစ်သွားတဲ့ ကောင်မလေးတွေရဲ့မျက်နှာကိုကြည့်ရင်း အူတက်အောင်ရယ်ခဲ့မိတဲ့ နေ့ပေါင်းလည်း မနည်းပေ..

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now