အပိုင်း ( ၉ ) အပိုငျး ( ၉ )

9.8K 562 10
                                    

လင်းရောင်က သန့်သန့်ပြန့်ပြန့် ၀တ်ထားဆိုလို့သာ.. ဗီရိုထဲရှိတဲ့ အသစ်ဆုံး အသားရောင်စွယ်တာ ခပ်ပွပွတစ်ထည်နှင့် အဖြူရောင် ဂျင်းဘောင်းဘီရှည်တစ်ထည်ကို တွဲဝတ်ထားမိသည်..။ ဒီနေ့က ကိုမိုးစက်နဲ့ စိုးမိုးတို့ရဲ့ anni ဆိုတာသိပေမယ့်.. လင်းရောင်ကတော့ မနက်ကအိမ်ကထွက်မသွားခင်ထဲက ကာယကံရှင်တွေထက် ပိုပြီးစိတ်လှုပ်ရှားနေသေးသည်..။

အခုလည်း.. ၀င်ခေါ်မယ်ဆိုပြီး ကားသာရောက်မလာသေးတာ.. အသင့်ဖြစ်ပြီးလားဖုန်းဆက်မေးတာ ၃ကြိမ်မကတော့..။

" ကောင်း.. "

သူကရှေ့မှာ ထိုးရပ်လာတော့ ကားကို သူမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး.. ကားတံခါးဖွင့်ကာ တက်လာသည်..။

" ကားက သံရည်ကျိုစက်ထဲကျသွားပြီထင်လို့.."

ကားပေါ်တက်တက်ချင်း..သူ့ရဲ့ ခပ်ရွဲ့ရွဲ့စကားကြောင့် လင်းရောင်က မသက်မသာ အသံနဲ့ရယ်သည်..။

" ဆောရီး.. ကိုယ်လည်းမြန်အောင်မောင်းပေမယ့်.. နောက်ကျသွားတယ်.."

လင်းရောင်ကိုလှည့်ကြည့်လိုက်တော့.. ၀တ်ထားတဲ့ အညိုရောင်ရှပ်တစ်ထည်လုံးက ချွေးတွေနဲ့ နှစ်နေပြီး.. နားထင်မှာလည်း.. ချွေးသီးချွေးပေါက်များကျနေသည်..။ ကားအဲကွန်းလည်းဖွင့်ထားပါရက်နှင့် ချွေးတစ်လုံးလုံးဖြစ်နေတဲ့ လင်းရောင်ကို သူမသင်္ကာစွာကြည့်လိုက်ပြီး..

" လင်းရောင်.. မဟုတ်မှလွဲရော.. အခု.."

သူ့ကို လက်ညိုးထိုးပြီး မယုံသင်္ကာမျက်လုံးနဲ့ ကြည့်နေတဲ့ ကောင်းကြောင့်.. လင်းရောင်တံတွေးမျိုချလိုက်မိသည်..။ အခုသိလို့မဖြစ်သေးဘူး. ။ အခုတော့ မဟုတ်ပါနဲ့ဦးဟုသာ စိတ်ထဲအကြိမ်ကြိမ်ရေရွတ်နေမိသည်..။

" အီးပါချင်နေတာလား.. ? "

ကောင်းထက်ရဲ့အမေးကြောင့်.. သူခဏကြောင်သွားပေမယ့်.. ရင်ထဲကအလုံးကြီးကျသွားတာမို့ ..

" မဟုတ်ကဟုတ်ကတွေ ဘာတွေမေးနေတာတုန်း "

" မသိဘူးလေ.. အေးစိမ့်နေတဲ့ကားထဲမှာ ချွေးတစ်လုံးလုံးလူက အီးပါချင်နေတာမဟုတ်ရင်.. အပြစ်လုပ်ထားလို့နေမှာပေါ့.. လင်းရောင် ဘာလုပ်လာလဲပြော ? "

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now