အပိုင်း ( ၁၅ ) အပိုငျး ( ၁၅ )

7.2K 483 35
                                    

Zawgyi // 

မိုးရာသီကနေ ဆောင်းရာသီဘက်ကို တဖြည်းဖြည်းပြောင်းလာတော့ အရင်လို မိုးတွေနေ့တိုင်း သည်းကြီးမည်းကြီး မရွာတော့သော်လည်း.. ရာသီဥတုက အုံ့မှိုင်းမှိုင်းနှင့် ဆောင်းလေများစတင်တိုက်ခတ်နေပြီမို့ .. ကောင်း လက်မောင်းထိလျှောကျနေတဲ့ စောင်ကို ပုခုံးထိဆွဲတင်ကာ.. ကိုယ်ကို ကွေးလိုက်မိသည်..။

သူ့ခါးပေါ်ကို လက်တစ်ဖက်က နောက်ကနေပွေ့ဖက်လာတာမို့ ကောင်း အိပ်ချင်မူးတူးနဲ့ ပြုံးလိုက်မိသည်..။ သူ့ခါးပေါ်ကို တင်ထားတဲ့ လက်တစ်စုံကို သူခပ်ဖွဖွလေးပွတ်သပ်လိုက်မိသည်..။ သူ့လက်ဖဝါးနဲ့ ထိတွေ့မိသွားတဲ့ အမွှေးဗလပွ ကြမ်းထော်ထော်ကြီးကြောင့် ကောင်း မျက်လုံးဆတ်ခနဲပွင့်သွားသည်..။ စောင်ကိုမပြီး သူ့ခါးပေါ်က လက်ကိုကြည့်မိတော့ ညိုတိုတိုနှင့် ရွံမပြောင်သေးသော လက်တစ်ဖက်.. ဒါသေချာပေါက် လင်းရောင်လက်မဟုတ်တော့..။

ကောင်းထက် လန့်တစ်ဝက် ကြောက်တစ်ဝက်နှင့် သူ့နောက်ကျောဘက်က လူကို လှည့်ကြည့်လိုက်မိသည်..။

သူ့ကိုအားရပါးရဖက်ပြီး ကျောမှာမျက်နှာအပ်ကာ ပြုံးတုံးတုံးနှင့် မျက်လုံးကြီးစုံမှိတ်ကာ သာယာနေသော ရာဇာ့ကိုတွေ့လိုက်ရမှ .. ကောင်းထက် သက်ပြင်းလည်းချမိရင်း .. လေအလျင်နဲ့ ရာဇာ့ပေါင်ကို ခြေထောက်တစ်ချောင်းမြောက်ကာ အားနဲ့ ကန်ချလိုက်သည်..

" အား.. ရိုး.. ရိုး..."

ရာဇာ က ကုတင်အောက်ကနေ သူ့တင်ပါးကိုဖိကာအော်ညည်းရင်း.. အိပ်တစ်ဝက်နိုးတစ်ဝက်နှင့် သူ့ကိုမော့ကြည့်လာသည်..။

" နွားကောင်.. ငါ့အိပ်ရာပေါ်မင်းဘာလာလုပ်နေတာလဲ.."

ကောင်းထက် ခြေဖဝါးထိရောက်သွားတဲ့ စောင်ကိုနောက်တစ်ကြိမ်ဆွဲတင်လိုက်ပြီး.. ရာဇာ့ကို မျက်ထောက်နဲ့ ကြည့်လိုက်တော့.. ရာဇာကနှာတရှုံ့ရှုံ့လုပ်ကာ..

" ငါ့အိပ်ရာက အေးလို့ကွ.. မင်းကုတင်က မင်းအိပ်နေတာဆိုတော့ နွေးနေမှာပဲဆိုပြီး ခဏဝင်လှဲကြည့်တာ အိပ်ပျော်သွားတယ်.."

ရာဇာ့ စကားကြောင့် သူမကြည်တကြည်နဲ့ ဟိုဘက်ထောင့်က ရာဇာ့နေရာကို လှမ်းကြည့်လိုက်သည်..။ မနေ့က ကိုယ်ရင်လေးတစ်ယောက်ကို ခေါ်သိပ်ပြီး .. ရှူးပေါက်ချတာခံလိုက်ရလို့ ..ရာဇာ့ ကုတင်ပေါ်မှာ ဘာစောင် .. ဘာအခင်းမှ ရှိမနေတာကြောင့်.. သူသက်ပြင်းချလိုက်သည်..။

မှားယွင်းသောချစ်ခြင်း စစ်မှန်သောမေတ္တာWhere stories live. Discover now