Part 8

10.4K 633 13
                                    

ရေချိုးခန်းထဲက ထွက်လာတော့
ငဖြိုးတစ်ယောက် မရှိတော့ပေ.....
ဟန်သာ....ကြိုက်နေတဲ့ ကောင်မလေးအကြောင်း
ပြောပြတုန်းကလည်း.....
မျက်နှာက ငူငူငိုင်ငိုင်နှင့် စိတ်နှင့်ကိုယ်နှင့်လည်း မကပ်ဘူး... ဘာကြောင့်များလဲ.....

ခန္ဒာကိုယ်တွင် တွယ်ကပ်နေသော
ရေစက်လေးများကို အမွှေးနုမျက်နှာသုတ်ပဝါ ပန်းနုရောင်
လေးနှင့်သုတ်ပြီးသည့်နောက် အင်္ကျီလဲဖို့ရန် ကြည့်လိုက်တော့ ကုတင်ပေါ်တွင် အင်္ကျီတစ်စုံက အဆင်သင့်ဖြစ်နေသည်။ ဟန်သာအရမ်းကြိုက်သော
Stitchရုပ်ပါတဲ့ အပြာနုရောင် ရုပ်အင်္ကျီလေးနှင့် ဘောင်းဘီလေး.....

*မေမေကတော့အံ့ရော ရေချိုးပြီးရင် အဲ့အင်္ကျီလေးဝတ်မယ် စဉ်းစားရုံရှိသေး ထုတ်ပြီးသွားပြီ......*

ဘာမှစဉ်းစားမနေတော့ဘဲ ကုတင်ပေါ်တွင်တင်ထားသော
အင်္ကျီနှင့်ဘောင်းဘီကို ခပ်မြန်မြန် ဝတ်လိုက်သည်။
ခေါင်းကိုကိုင်မိတော့ စိုစိစိနှင့်....
အမြဲတမ်း ခေါင်းလျှော်ပြီးလျှင် ရေခြောက်အောင်မသုတ်တတ်သောကြောင့် ဟန်သာ
ခဏခဏအဆူခံရတတ်သည်။

ဒါတင်မက ဟန်သာ့ကောင်းမွေ ဆိုးမွေအားလုံးကိုလည်း.... အန်တီသိင်္ဂီ
လာရင်တစ်ခါ အန်ကယ်သူရ လာရင်တစ်ခါ
ငဖြိုးလာရင်တစ်ခါ.....ရှိသမျှလူအကုန်ကုန်အောင်
လိုက်ပြောတတ်သေးသည်။ လူသိမခံချင်တဲ့ကိစ္စတွေလည်း
မေမေက လိုက်ပြောတတ်၍ တခါတလေတွင် ငဖြိုးအား
မျက်နှာတောင်ရဲရဲမကြည့်ရဲ ....သူငယ်ချင်းဆိုပေမဲ့
ရှက်တာဘဲလေ....ယောက်ျားလေးမှာလည်း အရှက်ရှိတာဘဲ မဟုတ်ဘူးလား......

ခါတိုင်းတော့
ဟန်သာ ဘယ်လောက်အဆူခံရ ခံရ ကိုယ်လုပ်ချင်သည့်အခါမှလုပ်သည်။ ဟိုနေ့တွေက
ငဖြိုးပြောသွားသည်များကို ကြားယောင်ပြီး ကြောက်ကာ
ခေါင်းကိုမြန်မြန်သုတ်ရသည်။

ဘာတဲ့...

'ဟန်လေး မင်းအမေပြောတာငါကြားတယ် မင်းရေချိုးပြီးရင် ခေါင်းကိုပြောင်အောင်မသုတ်ဘူးဆို...မင်းအဲ့လိုကြပ်ကြပ်လုပ်.....အခန့်မသင့်ရင်....လူကြီး လူငယ်မရွေးဘူး... လေဖြတ်တတ်တယ်တဲ့လေ.......'

ဟန်သာ လေဖြတ်မှာတော့ကြောက်သည်။
တခါတည်းသေသွားရင်အေးရော
မသေဘဲ အိပ်ရာထဲ ဒီတိုင်းလှဲနေရမှာမျိုး သေအောင်ကြောက်သည်။သူများတွေလည်း ဒုက္ခမပေးချင်ဘူးလေ။ ဒါကြောင့် ဘယ်တုန်းကမှ  မလုပ်ဖူးခဲ့သော မေမေဆီကHair Dryerကိုပင်ယူကာ
ခြောက်အောင် မှုတ်လိုက်သည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now