Part 2(Unicode)

5.5K 336 0
                                    

မွေးခန်းတံခါး ပွင့်လာတော့
'သိင်္ဂီ.....မိန်းမ ဘယ်လိုနေလဲဟင်.....'

'ဘာမှမဖြစ်ပါဘူးကိုရဲ့ နည်းနည်းပင်ပန်းတာဘဲရှိတာ
ဒါတွေကမိခင်တိုင်းကြုံရမယ့် ကိစ္စဘဲလေ........ကို ဒီမှာ
သိင်္ဂီတို့သားလေးကိုကြည့်ပါဦး......ချစ်ဖို့မကောင်းဘူးလားလို့......'

အနှီးစဖြူဖြူလေးနှင့်ထုပ်ထားသော နီတာရဲ ကလေးလေးကိုကြည့်မိတော့....သူရတစ်ယောက်
ပျော်လွန်းလို့ မျက်ရည်တောင်ကျမိသည်။

'ချစ်ဖို့ကောင်းတာပေါ့ မိန်းမရယ်......သားလေးကကြည့်ပါဦး
မိန်းမနဲ့တပုံစံတည်း.......'

'ကိုကလည်း.....ကိုနဲ့ ပိုတူတာပါ ကို့မျက်ခုံးလေးတွေ
မျက်လုံးလေးတွေကို သားလေးကအမွေရထားတာ....'

လင်မယားနှစ်ယောက် ဆေးရုံလမ်းတစ်လျှောက်
ဝမ်းသာအားရနှင့် ပြောနေလိုက်ကြတာ
သီးသန့်ခန်းထဲသို့အရောက် မြတ်သာအသံကြားမှ.....

'မောင်......မောင်ရောဟင် ကိုသူရ....'

ခင်ပွန်းသည်ဖြစ်သူအား ကြည့်ပြီး သားလေးက ဘယ်သူနဲ့တူသည့်အကြောင်း ချစ်စရာကောင်းသည့်အကြောင်းတွေပြောချင်သည်လေ.....

မောင်ကလည်းဘယ်ရောက်နေမှန်းမသိ။ကိုသူရကလည်းမေးတာကိုချက်ချင်းပြန်မဖြေ။ ကြောင်အမ်းအမ်းဖြင့် ခဏကြာတော့မှ....

'မြတ်သာရေ နင့်ယောကျ်ားကလေ နင်တို့ဝင်သွားပြီးကတည်းက....အိမ်သာတက်မယ်ဆိုပြီးသွားလိုက်တာ....အခုထက်ထိတောင်ပြန်မရောက်လာသေးဘူး....ငါ့ကိုလည်းအပြင်မှာတစ်ယောက်နည်းထားသွားတာ....ငါ့မှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိနဲ့....'

ထိုအချိန်တွင်
'မိန်းမ.....မိန်းမ....မောင့်သားလေးရော....မောင့်သားလေးရောဟင်'ဖရိုဖရဲပုံစံနှင့် ဟန်ရှိန်က အမောတကောဝင်လာပြီး မေးသည်။

'ငါကမင်း...စင်္ကာပူအထိရောက်သွားပြီလားလို့...ကြာလိုက်တာကွာ....ဘာလုပ်နေလို့အဲ့လောက်ကြာနေရတာလဲ...'

'မနေ့ညက သရက်သီးသုတ်တန်ခိုးပြတာဟေ့...ဝမ်းသွားနေတာမရပ်တော့လို့ ငါ့မှာဆေးဝယ်ပြီး အမြန်သောက်လိုက်ရတယ်...ငါ့ပုံစံကိုလည်းကြည့်ဦး...
.ခြေထောက်တောင်မခိုင်တော့ဘူး...ငါလာတော့လမ်းမှာ ဆရာမနဲ့တွေ့ခဲ့လို့ မွေးပြီးပြီဆိုတာ ကြားပြီးပြီးချင်း လိုက်လာတာကွ'

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now