Part 7(Unicode)

2.6K 207 0
                                    

'အိမ်ပြန်ရောက်ပါပြီ.....'

ပြောလည်းပြော အိမ်အပေါ်ထပ်သို့ ပြေးတက်သွားသော
ဟန်သာ....

အနောက်ကနေ ပြေးလိုက်သွားသော
ဖြိုးမင်းသူရ ခြေလှမ်းများ လှေကားထစ်ဆီသို့ မရောက်မီ
ကြားလိုက်ရသော ဒေါ်မြတ်သာ အသံကြောင့်
ခြေလှမ်းများကိုရပ်တန့်ကာ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။

'သားဖြိုးလေး....ဟန်သာ ဘာဖြစ်လာတာလဲ...
ခါတိုင်းကဆို ပြန်လာရင် တီမြတ်ကို နမ်းပြီးမှ...
သူလုပ်စရာရှိတာ လုပ်တာပါ....အခုကျတော့
ဘာလို့ အလောတကြီး ဖြစ်လာတာလဲ.....'

'အဲ့တာက....ဟိုလေ....တီမြတ်....'

အိမ်ကလူတွေကို ကျောင်းမှာ ဖြစ်လာတဲ့ အကြောင်း
မပြောပါနှင့်ဟု ဟန်သာ နှုတ်ပိတ်ထားသောကြောင့် ဖြိုးမင်းသူရ ပြောမည့်စကားများရပ်တန့်သွားရလေသည်။

'ဘာမှမဖြစ်ပါဘူးတီမြတ်.....
သူ ဗိုက်နာလာတာ...အိမ်သာသွားတက်တာဖြစ်မယ်....
အဲ့တာကြောင့်ပါ.....'

'အော် ....တီမြတ်က ဘာများဖြစ်လာလဲလို့....'

'ဟုတ် ဘာမှမဖြစ်ပါဘူးတီမြတ်.....အဲတာဆို သား လိုက်သွားလိုက်ဦးမယ်နော်....'

လူကြီးတွေအား တစ်ခါမှ မလိမ်ဖူးသော ဖြိုးမင်းသူရ
ဟန်သာ့ကြောင့် ပထမဆုံးအကြိမ် တီမြတ်အား လိမ်လိုက်ရလေသည်။ ကိုယ့်ကြောင့်ဖြစ်သွားရတဲ့ ကိစ္စမို့လို့
ဘာမှတော့ မပြောလို။

ဒါပေမဲ့ ဟန်သာ တော်တော်နာသွားမှာ ဘောလုံးနဲ့ ဟန်သာ့ကျောကုန်း ထိတဲ့အသံက အကျယ်ကြီး....အကျႌမှာတောင် ဘောလုံးရာ
ထင်သွားသေးတယ်....

ဟန်သာ ဒဏ်ရာအနာတရ ဖြစ်ရင်
မနေတတ်ဆုံးက ဖြိုးမင်းသူရပင်....အခု ကိုယ့်ကြောင့်ဖြစ်သွားရသည့်အတွက် ပို၍ပင် စိတ်မကောင်းဖြစ်နေရသည်။

'ဟန်လေး....ငါဝင်လာပြီနော်....'

အခန်းထဲဝင်သွားတော့ ကုတင်ပေါ်တွင်
မှောက်ရက်ကြီးလှဲနေသော ဟန်သာ့ကိုတွေ့ရလေသည်။

'ဟန်လေး....အရမ်းနာနေလား...'

ဟန်သာ့ကျောကုန်းပေါ် လက်ဖြင့်ထိကာပြောလိုက်တော့....
ချက်ချင်းကောက်ထလေသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now