Part 14(Unicode)

1.8K 132 2
                                    

ဒေါက်... ဒေါက်... ဒေါက်

'ငဖြိုး....ငါဝင်လာပြီနော်....'

တံခါးကိုခေါက်ရင်း လက်ကိုင်ကိုဆွဲဖွင့်ကာ
အခန်းတွင်းသို့ ဝင်လိုက်သည်။

စာကြည့်စားပွဲပေါ်တွင် နေရာယူကာ
စာလုပ်နေပုံပေါ်သော ဖြိုးမင်းသူရအား တွေ့ရလေသည်။

ဟန်သာအခန်းထဲသို့ ရောက်လာသည့်တိုင်အောင်
နေရာမှာပင် တုတ်တုတ်မျှမလှုပ်ဘဲ နေမြဲတိုင်းနေနေသည်။
မသိချင်ယောင်ဆောင်နေသည်လား တကယ်ဘဲမသိသည်လားမသိ.....။

တစ်နေ့လုံး မိမိအားရှိသည်ဟုပင်
မထင်သော ဖြိုးမင်းသူရကြောင့် ဟန်သာမနေတတ်မထိုင်တတ်ဖြစ်နေရလေသည်။

ဖြိုးမင်းသူရဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည့်တိုင်အောင် ဟန်သာ့ဘက်သို့တစ်ချက်မျှပင်
စောင်းငဲ့မကြည့်......

ဟန်သာ့စိတ်ထဲတွင် ကလိကလိဖြစ်လာလေသည်။
သူပြန်စဉ်းစားသည်...ဘာအမှားများလုပ်မိသလဲ...
စဉ်းစားသည်...သေချာတာကတော့ သူဘာမှမလုပ်မိပါ..
အဲ့တာဆို ဖြိုးမင်းသူရ ဘာဖြစ်နေသည်လဲ...

ဟန်သာသည်လည်း သူချေ ကိုယ်ချေဆိုပြီး
Physisစာအုပ်ကိုထုတ်ကာ ပုစ္ဆာတွေထိုင်တွက်နေလိုက်သည်။

ဘော့ပင်ကိုင်ထားသောလက်က
စာအုပ်ပေါ်တွင်ရွေ့လျားနေသော်လည်း.....
စိတ်အာရုံက စုစည်းလို့မရသဖြင့်.....
ဘာတွေရေးနေမိမှန်းမသိတော့ပေ။
အကြမ်းစာအုပ်ဖြစ်နေ၍ တော်သေးသည်။

ကြာတော့ ဟန်သာ သည်းမခံနိုင်တော့ပေ။
ဘော့ပင်ကို ကိုက်ကာ အကြံထုတ်ရင်း....
နောက်ဆုံးတော့....

'ငဖြိုး ငါဒီပုစ္ဆာနားမလည်လို့ ရှင်းပြပါလား......'

စာအုပ်လေးကို ဖြိုးမင်းသူရရှေ့တိုးပေးရင်း
ဟန်သာ စကားဆိုလေသည်။

'ဘယ်ဟာလဲ........'

အကြံအောင်မြင်သည်ဟု ပြောရမည်
တချိန်လုံး မိမိအားအဖက်ပင် မလုပ်သည့်သူက အခုကျတော့ ပြန်ဖြေဖော်တော့ရသား......

'ဒါလေး..........'

ဖြိုးမင်းသူရမှာ စာရှင်းပြနေသော်လည်း
ရှင်းပြခိုင်းသော ဟန်သာမှာတော့ မျက်လုံးတို့က
စာအုပ်ထဲတွင်မရှိ ဖြိုးမင်းသူရ၏ မျက်နှာနားတွင်
တဝဲဝဲလည်လည် ဖြစ်နေလေသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now