Part 12(Unicode)

1.8K 144 0
                                    

'အင်း......ဘာလိုလိုနဲ့
၉နာရီတောင်ထိုးတော့မှာပါလား'

ဟန်သာ စားပွဲပေါ်တွင် တင်ထားသော
နာရီကို ကြည့်ကာ အညောင်းဆန့်ရင်း ရေရွတ်မိသည်.....

မိမိဘေးတွင် ရှိနေသော
ဖြိုးမင်းသူရကို ကြည့်လိုက်တော့ ခေါင်းမဖော်တမ်းသာ
သချင်္ာတွေထိုင်တွက်နေသည်ကို တွေ့ရသည်။

*ထမင်း စားပြီးကတည်းက စာထိုင်လုပ်နေသည်မှာ
တော်တော်ကို ကြာချေပြီ.....အခုအချိန်ထိ စကားတခွန်းမှ
မပြောသေး.....ဘေးနားမှာ လူတစ်ယောက်လုံးရှိသေးတယ်ဆိုတာ သိပုံရောပေါ်ရဲ့လား.......*

ဖြိုးမင်းသူရ တစ်ညနေလုံးစာတွေထိုင်ကာ လုပ်နေသလောက်
ဟန်သာကတော့ ဘော့ပင်လေးကိုက်လိုက်
ဟိုငေးလိုက် ဒီငေးလိုက်နှင့် စာသေချာလုပ်ဖြစ်သည်မရှိ...

ဘေးနားမှာ ဖြိုးမင်းသူရ ရှိနေ၍သာ
စာကြည့်စားပွဲမှာ သည်းခံ၍ ထိုင်နေရခြင်းဖြစ်သည်။
အိမ်မှာဆို စာကျက်တာကနည်းနည်း
မုန့်စားတာနဲ့ ဂိမ်းဆော့တာက ပိုများနေသည်။

ဖင်ညောင်းအောင် ထိုင်ဖို့မပြောနှင့်
စာအုပ်ကြည့်လိုက်မိရင်တောင် အိပ်ငိုက်လာသော မျက်လုံးအား မမှေးစင်းသွားအောင် နည်းမျိုးစုံနှင့် ကြိုးစားနေရသည်လေ။

ဒီလို စာသေချာမလုပ်သော်လည်း
စာတော်သူများထဲပါနေသော ကိုယ့်ကိုကိုယ်အား နည်းနည်းတော့ အထင်ကြီးမိသည်။

မိမိမှာ ဉာဏ်ကောင်းသူ ဖြစ်နေ၍
တော်သေး၏....

ဝီရိယကတော့ ဖြိုးမင်းသူရ ခြေဖျားလောက်တောင် လုံးဝမမှီ.....မိမိသာ အဲ့လောက်ကြိုးစားရင်
ကမ္ဘာကျော်နေလောက်ပြီပေါ့......

ဘော့ပင်ကိုက်ရသည်မှာလည်း ကြာတော့
သွားတွေပင်ညောင်းကာ အဖုံးလည်း ပိန်လိန်နေပြီ။

အသံတိတ် တစ်ချက်သမ်းရင်း
ငဖြိုးအား တခဏတာ ကြည့်မိသည့်အခိုက်.......

လွှဲလို့မရတော့သော မျက်လုံးနှစ်စုံအား
မကြည့်နဲ့ဟုပြန်အမိန့်ပေးကာ မခိုင်းစေချင်တော့........

စာနှင့် စစ်တိုက်နေရသည့်အလား
ခဲတံတချောင်း ခဲဖျက်တစ်ခုနှင့် မျက်မှောင်ကျုံ့ကာ တယောက်တည်း အလုပ်ရှုပ်နေလေသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now