Part 11(Unicode)

1.9K 142 1
                                    

ဟန်သာ အိပ်ရာကနိုးလာပြီး
အောက်ထပ်သို့ဆင်းအလာ ဧည့်ခန်းထဲတွင်
ဦးဟန်ရှိန်နှင့် ဒေါ်မြတ်သာတို့နှင့်အတူ ဦးသူရနှင့် ဒေါ်ဖြိုးသိင်္ဂီတို့ စကားထိုင်ပြောနေကြသည်ကို တွေ့လိုက်ရသည်။

ဦးသူရနှင့်ဒေါ်ဖြိုးသိင်္ဂီတို့ကို နှုတ်ဆက်ရန် ဧည့်ခန်းထဲသို့
ဟန်သာ ဝင်သွားလိုက်သည်။

ဒေါ်ဖြိုးသိင်္ဂီဘေးရှိ ဆိုဖာပေါ်တွင်
ဝင်ထိုင်လိုက်တော့ ဒေါ်ဖြိုးသိင်္ဂီက
ဟန်သာ့ခေါင်းလေးကို ကိုင်ကာ အသာအယာ စကားဆိုလေသည်။

'သားလေး....နိုးလာပြီလား အစောကြီးရှိသေးတယ်
အိပ်သေးတာ မဟုတ်ဘူး.....'

'ဟာ.....အန်တီသိင်္ဂီကလည်း.....မစောတော့ပါဘူး...အခုဘဲ ၈နာရီထိုးနေပြီကို....'

ဒီအချိန်တွင် ဟန်သာ့မေမေ ဒေါ်မြတ်သာကဝင်ပြောလေသည်။

'ဟန်သာက ပြောင်းပြန် သိင်္ဂီရေ....ကျောင်းဖွင့်ရက်ကျတော့ နှိုးလိုက်ရတာ
ကျားမြီးသာပြေးဆွဲချင်တယ်....တော်တော်နဲ့မထ...ဟော...ကျောင်းပိတ်ရက်ကျရင်တော့ မအိပ်တော့ဘူး...နှိုးစရာတောင်မလိုဘူး အစောကြီးနိုးနိုးလာတာ....အိပ်ဖို့အချိန်ရှိတော့မအိပ်ဘူးလေ....'

'မေမေကလည်း.....'

နံဘေးတွင်ရှိနေကြသော ဦးသူရနှင့် ဦးဟန်ရှိန်ကတော့
ဘာမှဝင်မပြော....ပြုံးစိပြုံးစိနှင့်....ထိုင်ကာနားထောင်နေ
ကြလေသည်။

'သိင်္ဂီရယ်....ကလေးကိုပြောမနေပါနဲ့.....
အိမ်ကတစ်ယောက်လည်း တူတူပါဘဲ....အခုထက်ထိ မထသေးဘူးလေ....ကျောင်းပိတ်ရက်ကျ နေဖင်ထိုးတဲ့ထိ အိပ်တာ.....'

'ကလေးတွေကလေ.....တစ်ယောက်တစ်မျိုးစီနော်....
သားဖြိုးလေးနဲ့သားသားက တူတာတောင် ပြောင်းပြန်တူတာပေါ့...ဟား....ဟား....'

ဦးဟန်ရှိန်က ရယ်မောရင်းနှင့်ပင် ဝင်ပြောသည်။

ထိုအချိန်တွင်ပင် ဦးဟန်ရှိန်က ဆက်၍ပြောလိုက်သည်။

'သူရနဲ့သိင်္ဂီ မင်းတို့ကို တစ်ခုအကူအညီတောင်းစရာရှိတယ်.....'

ဦးဟန်ရှိန်က ပြောရင်းနှင့် ဒေါ်မြတ်သာကို တစ်ချက်ကြည့်လိုက်တော့ ဒေါ်မြတ်သာက 'ပြောလိုက်'ဆိုသည့် သဘောနှင့် ခေါင်းငြိမ့်ပြလေသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now