Part 23(Unicode)

1.7K 121 2
                                    

"မေနှင်း....ငါ့နင့်ကိုပြောစရာရှိတယ်......"

ကြက်သားတုံးကို ဇွန်းနှင့်ဖဲ့နေရင်းပင် ပြန်ပြောလိုက်သည်...

"အေး...ပြောလေ....."

"ငါ့မှာ ကိုယ်ဝန်ရှိနေပြီ......"

ပါးစပ်ထဲသို့ထည့်မည့် ထမင်းတစ်လုတ်မှာ လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားရလေသည်။

"နင်ဘာပြောလိုက်တာ......"

"ငါ့မှာ ကိုယ်ဝန်ရှိနေပြီလို့......."

နားကြားမှားမည်စိုး၍ နောက်တစ်ခေါက် ထပ်မေးတော့
ယုမိက ထမင်းတစ်လုတ်ကို အေးအေးဆေးဆေး ဝါးနေရင်းနှင့်ပင် ပြောသည်။

"ဟား...နင့်ငါ့ကိုနောက်နေတာ မလား....."

ရယ်သံနှောပြီး ပျက်ချော်ချော်ပင် ပြောလိုက်သည်။

"နင့်ကိုနောက်လို့ ငါဘာရမှာလဲ......"

ယုမိရဲ့ မျက်လုံးတွေကို သေချာအကဲခတ်ကြည့်မိသည်။
လိမ်သည်ဟု သတ်မှတ်ရအောင်လည်း သူ့မျက်လုံးတွေက
ဂနာမငြိမ် ဖြစ်မနေ။ သူဘဲ ဟန်ဆောင်ကောင်းလွန်း တာလားတော့မသိ။ မေနှင်းတောင် ယုံချင်သလိုဖြစ်လာသည်။

"အဲ့ဒါဆိုပြော......ဘယ်သူနဲ့လဲ......"

မဖြစ်နိုင်ဘူးဆိုတာ သိနေပေမဲ့ အကယ်၍များဆိုသည့် စိတ်က သူငယ်ချင်းဖြစ်သူအား မမေးဘဲမနေနိုင်။

"ငါ့မှာ ဟန်သာကလွဲပြီး တစ်ခြားယောကျ်ား ရှိသေးလို့လား..... မေနှင်း......"

"ဘာ.....ဟန်သာဟုတ်လား.....ပိုတောင် မဖြစ်နိုင်သေးတယ်......."

*မဖြစ်နိုင်ဘူး.....ယုမိညာနေတာ....သူဘာတွေ
အကွက်ရွှေ့နေပြန်ပြီလဲ......*

"နင်ယုံအောင် ငါဘယ်လို သက်သေပြရမလဲ....."

ယုမိကအတည်ပေါက်နဲ့ ပြောနေပြန်သည်။ မယုံဘူးဆိုရင်လည်း သူငယ်ချင်းဖြစ်သူ၏ သိက္ခာအားဖျက်စီးရာ ရောက်သည်။ ယုံတယ်ဆိုပြန်ရင်လည်း....ဟင့်အင်း....ယုံလို့ကိုမရတာ...

"ယုမိ....နင်ကငါ့သူငယ်ချင်းပါ....အဲ့ဒါကြောင့်...
ကိုယ့်သိက္ခာကိုယ်ချတဲ့ စကားတွေ မပြောစေချင်ဘူး....
ငါကနင့်ကို ကောင်းစေချင်တာပါဟာ....နင်ငါ့ကို မလိမ်ရင်
ကောင်းမယ်...."

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now