Part 13(Unicode)

1.8K 133 0
                                    

🎵🎵Love me like you do
         Love Love Love me
          like you do 🎵🎵🎵

'အာ.......အိပ်လို့ကောင်းနေပြီဆို......
အဲ့ဖုန်းက တမှောင့်...........'

ဟန်သာ ဆောင့်ကြီးအောင့်ကြီးနှင့်
ကုတင်ဘောင်ပေါ် တင်ထားသော
ဖုန်းကို ယူကာ ကြည့်လိုက်တော့....

Contactမှာ မှတ်ထားသည်က.......
'ပိုင်ပိုင်' ဆိုသော အမည်နာမတစ်ခု........

ဖုန်းကိုပြန်ချကာ
ဆက်အိပ်ရန် ဟန်ပြင်လိုက်သော်လည်း
အဆက်မပြတ် မြည်နေသောကြောင့်

ဆောင့်ကြီးအောင့်ကြီးနှင့်ပင်...... ကိုင်လိုက်ရလေသည်။

'ဘာလဲ....ပြော.......'

'အမယ်.....လေသံက မာလှချည်လား...သာသာလေးရဲ့.....'

'မင်းအဖေ.....ငါအိပ်နေတာကွ
မင်းဖုန်းသံကြောင့် နိုးလာရတာ လေသံမမာလို့
ငါက ကပ်စေးနှဲလို စေးကပ်ပေးနေရမှာလား......'

'နာရီကိုလည်းတစ်ချက်ရှိုးလိုက်ဦး
၁ဝနာရီခွဲနေပြီ လူအိပ်ချိန်မှ မဟုတ်တော့တာ....
မင်းသားငါက မင်းအိပ်နေတုန်းမှန်း ဘယ်လိုသိမှာလဲ
လဒရဲ့ .....အိပ်ပုတ်ကောင်.......'

ပိုင်ဦးမောင်ပြောမှ
နာရီကို အပြေးကြည့်လိုက်မိသော ဟန်သာ
မျက်လုံးပြူးသွားရသည်....

*ဟုတ်သားဘဲ......သူညက တော်တော်နဲ့မှ အိပ်မပျော်ခဲ့တာ......*

'အေး....ငါညကအိပ်တာနောက်ကျသွားလို့......'

'မဟုတ်မှလွဲရော.....မင်းတို့နှစ်ယောက်.....'

'ဟေ့ကောင်.....ဘာမှမဖြစ်ဘူး......လျှောက်မတွေးနဲ့......'

'ငါကရော...ဘာပြောနေလို့လဲ
စာတွေအပြိုင်အဆိုင်ကျက်နေကြတာလားလို့.....
သူ့ဟာသူဘဲ လျှောက်တွေးနေပြီးတော့.....'

'ပိုင်ပိုင်.....မင်းတော့.....နာတော့မယ်.....
ပြောပါဦး....မင်းငါ့ဆီဘာလို့ဖုန်းဆက်တာလဲ....'

'ဟာ.....ဟုတ်သား.....မေ့တော့မလို့.....
မင်းအထိုးခံလိုက်ရပြီလား.....ငါဆေးခန်းလိုက်ပြဖို့
လိုသေးလား....မေးမလို့လေ.....ဘယ်လိုလဲ.....
ဒဏ်ရာအများကြီးမရဘူးမလား....'

'ဘာ......မင်း....ဖုန်းဆက်တာ....အဲ့ဒါမေးမလို့.....
ငါ....ငါနော်....ဖုန်းထဲမှာမို့လို့.....
မင်းသက်သာသွားတယ်မှတ်....အပြင်မှာသာဆို....
ဆေးခန်းသွားရမဲ့သူက မင်းဖြစ်သွားမယ်......'

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now