Part 27(Unicode)

2.1K 129 0
                                    

Operation Roomရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ကောင်မလေးတစ်ယောက်.....
လက်နှစ်ဖက်ကိုယှက်ကာ နှုတ်ခမ်းနားသို့
ကပ်လျှက် ပါးစပ်ကလည်းတတွတ်တွတ်.ရွတ်ဆိုနေသည်။
သေချာသည်က သူငယ်ချင်းဖြစ်သူအတွက် ဆုတောင်းပေးနေတာပင်။

"ညီမလေး........"

Operation Roomရှေ့သို့ ပိုင်ဦးမောင်နှင့်အတူ
ဖြိုးမင်းသူရ၏မိဘများပါ ပါလာကြသည်။

အကိုဖြစ်သူကို တွေ့လိုက်ရသော မေနှင်းမှာတော့
အားကိုးရသွားသည့်နှယ် ပိုင်ဦးမောင်ရင်ခွင်ထဲမှာ မျက်နှာအပ်ပြီး တရှုတ်ရှုတ်ငိုနေလေသည်။

ညီမဖြစ်သူ၏ ခေါင်းလေးကို ကိုင်ပြီး ကျောကုန်းလေးကို
တဖွဖွပုတ်ပေးခြင်းဖြင့် အားပေးနေသည်။ တစ်ခြားဘာစကားမှလည်း သူမပြောတတ်....။

ယုမိ၏ မိခင်ဖြစ်သူမှာလည်း မူးလဲတော့မတတ်....။
ခင်ပွန်းဖြစ်သူ၏ပခုံး၌ ခေါင်းမှီထားကာ...ဘုရားစာတို့ကို
ရွတ်ဆိုနေသည်။ ဖခင်ဖြစ်သူကတော့ ကြမ်းပြင်ကိုသာ
တွေတွေကြီး စိုက်ကြည့်လျှက်......။

မကြာမီ တံခါးပွင့်လာပြီး ဆရာဝန်တစ်ယောက် ထွက်လာလေသည်.....။

"ဆရာ.....ကျွန်မသူငယ်ချင်းဘယ်လိုနေသေးလဲ...
ကောင်းသွားပြီမလားဟင်.....သက်သာသွားမှာမလား...
ဆရာ...."

ယုမိ၏မိဘနှစ်ပါးကတော့နေရာမှာပင် ထိုင်နေလျှက်
ဆရာဝန်ဆီမှ သတင်းစကားကို နားစွင့်နေမိသည်။
သူတို့မှာ ထဖို့တောင် အင်အားမရှိတော့ဘူးလေ။

တစ်ဦးတည်းသောသမီးလေး၏ ကားအက်ဆီးဒင့်ဖြစ်သည်ဆိုသော သတင်းစကားက
သူတို့အတွက်တော့ ကြောက်မက်ဖွယ်ကောင်းလှသော
အိပ်မက်ဆိုးလိုပင်........။

မေနှင်း၏မေးခွန်းကို ဆရာဝန်က ခေါင်းခါခြင်းဖြင့် တုံ့ပြန်သည်။

"ဆရာတို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့....
လူနာအသက်ရှင်ဖို့အခွင့်အရေး အရမ်းနည်းတယ်....
သူ့ရဲ့နောက်ဆုံးအချိန်လေးကို နှုတ်ဆက်ကြဖို့ဘဲ
ဆရာပြောချင်တယ်......"

ဆရာဝန်ရဲ့စကားအဆုံးမှာ မေနှင်းရဲ့ခြေထောက်များ
အားအင်ယုတ်လျော့ကာ ကြမ်းပြင်ပေါ်သို့ ထိုင်လျက်သား
လဲကျသွားသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now