Part 3(Unicode)

4.4K 278 0
                                    

'ကိုရေ မြန်မြန်လုပ်လေ ဟိုမှာ ဟန်သာလေးတို့ ရောက်နေပြီ သားလေးတို့ မူကြိုစတက်ရမယ့်နေ့မှာ
နောက်ကျနေဦးမယ်....'

'အေးပါ မိန်းမရာ သားကိုသာပြင်ဆင်ပေးလိုက် ကိုကပြီးတော့မယ်...'

'သားသားဖေကြီးက သားသားနဲ့အပြိုင်လှချင်နေတယ်'

ဖြိုးမင်းသူရလေးရဲ့ ဆံပင်လေးကိုဖြီးပေးရင်း ပြောလိုက်သည်။

'ကြည့်ပါဦး မေ့သားလေးက ချစ်ဖို့ကောင်းလိုက်တာ....
မွ.....'

'သားသား သနပ်ခါးတွေပျက်ကုန်ပါပြီ....'

အသံသေးသေးလေးနှင့် သူ့ပါးမို့မို့လေးပေါ်က သစ်ရွက်ပုံသနပ်ခါးလေးပျက်မည်စိုး၍ စူပုပ်ပုပ်လေးပြောနေသော သားဖြစ်သူကိုကြည့်ရင်း

'မေမေ့သားလေးက အရမ်းချစ်ဖို့ကောင်းလို့ မေမေက နမ်းတာပေါ့ ကလေးရဲ့ သနပ်ခါးပျက်သွားတော့လည်း မေမေကထပ်လိမ်းပေးမှာပေါ့....'
နှာခေါင်းလုံးလုံးလေးကို
ဖျစ်ညစ်ကာ ပြောလိုက်တော့ ပါးချိုင့်လေးတွေပေါ်အောင် ရယ်နေသည်က ဖခင်ဖြစ်သူနှင့် တူလေသည်။

ဖြောင့်တန်းပြီး နက်နေသော မျက်ခုံးထူထူလေးတွေနှင့်
ပြုံးလိုက်ရင်ပေါ်လာသော ပါးချိုင့်လေးတွေ ကြည်လင်ပြီး အရည်လဲ့နေသော မျက်လုံးလေးတွေက
ဖခင့်ဖြစ်သူထံမှ ရရှိထားသောအမွေတွေဖြစ်သည်။

ကလေးအရွယ်နှင့်မလိုက်အောင်လည်း စကားတတ်သော
မိဘအပေါ်သိတတ်သော အနေအထိုင်ကအစ လူကြီးလေးလိုဖြစ်နေသော လူကြီးကလေးပေါက်စ ကျွန်မသားလေးကို ကျွန်မ သိပ်ချစ်ပါသည်။

သားလေးက တစ်ဦးတည်းသောကလေး ဖြစ်တော့
ညီအကိုမောင်နှမ အရမ်းလိုချင်ရှာသည်။
သူ့ထက် ၁၅မိနစ်ခန့်သာငယ်သော ဟန်သာလေးကိုလည်း
သူ့ညီလေးတစ်ယောက်လို
အရမ်းခင်တွယ်ရှာတယ်လေ .....

'အန်တီသိန်ကျီ... '

လာပါပြီ ကျွန်မသားလေးရဲ့အချစ်တော်လေး
ဟန်သာက ရှပ်အကျႌအဖြူလေးနှင့် ဘောင်းဘီတို အပြာရောင်လေးနှင့် မျက်နှာမှာလည်း သူ့အမေ ကျွန်မသူငယ်ချင်း လိမ်းပေးလိုက်သော ဝလုံးပုံပါးကွက်အကြီးကြီးနှင့်Spider man ကျောပိုးအိတ်လေးကိုလွယ်ပြီး ကျွန်မတို့သားအမိကို လာချောင်းကြည့်နေသည်လေ....

❤Love is Smiling❤  (Z/U)(Completed)                            Où les histoires vivent. Découvrez maintenant