Part 22(Unicode)

1.6K 116 1
                                    

"ကျွီ............"

"အ............"

ရုတ်တရက် ကားရှေ့သို့ ပြေးဝင်လာသော မိန်းကလေးကြောင့် ဖြိုးမင်းသူရ ကားဘရိတ်အမြန် အုပ်လိုက်ရသည်။

ရုတ်တရက်ရပ်လိုက်တာကြောင့် ခေါင်းကတော့နည်းနည်း မူးသွားပေမဲ့ ဂရုမစိုက်အား....။ထိုမိန်းကလေးအား
တိုက်မိသွားပြီလားဟု စိုးရိမ်စိတ်ဖြင့် ခါးပတ်အမြန်ဖြုတ်ကာ
ကားရှေ့သို့ သွားကြည့်လိုက်သည်။

ကားနှင့်အနည်းငယ် ဝေးကွာနေ၍ တော်သေး၏။
မတိုက်မိပေမဲ့ လန့်သွားသည်ထင်...ထိုမိန်းကလေးမှာ
ထိုင်နေရာမှ မထသေး.....။

ဖြိုးမင်းသူရတစ်ယောက် ထိုမိန်းကလေး၏ အနားသို့သွားကာ မေးမြန်းလိုက်သည်။

"ညီမ.....ဘာဖြစ်သွားသေးလဲ......"

"ခြေထောက်ခေါက်သွားတယ်ထင်တယ် အကို....
အကို့ကားကို မမြင်လိုက်ဘူး...ညီမအမှားပါ... တောင်းပန်ပါတယ်နော်....."

ထိုမိန်းကလေးမှာ ဖြိုးမင်းသူရအား တောင်းပန်နေလေသည်။ သူမအား အပြစ်တင်မှာ
စိုး၍ထင်။

"ရပါတယ်ညီမရဲ့......."

ဖြိုးမင်းသူရအား တောင်းပန်စကားပြောပြီး ထဖို့ပြင်သော်လည်းမရ ပြန်လဲကျနေသောကြောင့်.....

"ညီမရရဲ့လား....ထလို့မရဘူးထင်တယ်......"

"ဟုတ်တယ်အကို......"

ဖြိုးမင်းသူရ မိမိ၏လက်မောင်းတစ်ဖက်ကိုပေးကာ
ထိုမိန်းကလေးအား ကူ၍ထစေလိုက်သည်။

"ညီမလာ...အကို့လက်မောင်းကိုတွဲ......"

နောက်ဆုံးတော့ ဖြိုးမင်းသူရ၏ အကူအညီဖြင့်
ထလို့ရသွားလေသည်။

"ညီမဖြစ်ရဲ့လား....အကိုဆေးခန်းလိုက်ပို့ပေးမယ်လေ...."

"ရတယ်အကို....ညီမအိမ်ကဒီနားလေးတင်...
ဖြည်းဖြည်းချင်းသွားလို့ရတယ်....."

"အဲ့တာဆို အကိုသွားပြီနော်....စာမေးပွဲရှိနေလို့....."

ကိုယ့်ကြောင့်ဖြစ်သွားတာ ဆိုပေမဲ့ မတတ်နိုင်။
ကျောင်းမှာ စာမေးပွဲကရှိနေတာကြောင့် အချိန်မှီရောက်အောင် သွားရမည်ဖြစ်သဖြင့် ဒီတိုင်း
ထားခဲ့လိုက်ရသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now