About Story(Unicode)

2K 103 1
                                    

အချစ်ဆိုတာဘာလဲလို့
မေးတဲ့အခါ အခြားသူတွေကတော့
ပေးဆပ်ခြင်း ရယူခြင်း အစရှိသဖြင့် ပြောကြလိမ့်မယ်
ကျွန်တော့်အတွက်ကတော့ Love is smiling
                                               
                                                     ဖြိုးမင်းသူရ

ကျွန်တော်သူ့ကိုချစ်ခဲ့တာ မှားယွင်းမှုတစ်ခုဆိုရင်
အဲ့ဒီအမှားကို ကျေကျေနပ်နပ်ကြီးလက်ခံမယ်
အချိန်တွေနောက်ပြန်ဆုတ်လို့ ပြင်ဆင်ခွင့်ရှိခဲ့မယ်ဆိုရင်တောင် ကျွန်တော်သိသိရက်နဲ့ဆက်ချစ်နေဦးမှာဘဲ
                                              
                                                    ဟန်သာ

မင်းတို့နဲ့ငါ ငယ်ငယ်လေးထဲက
ပေါင်းခဲ့တဲ့ကောင်ပါကွာ....
မင်းတို့ မသိစေချင်တဲ့အရာတွေတောင် ငါ့ကို မလွန်ဆန်ရဲလောက်တဲ့အထိ မင်းတို့အကြောင်း မင်းတို့ထက် ပိုသိတဲ့ကောင်ပါ

                                                   ပိုင်ဦးမောင်

ငါပိုင်ဆိုင်ထားတဲ့အချစ်ကို
ငါ့ဘက်က လက်လွှတ်အဆုံးရှုံးမခံရအောင် လုပ်ခဲ့တာ ငါမှားသလား...အဲ့ဒီ့အချစ်က ငါ့ကို မကောင်းတဲ့လူဖြစ်အောင် လုပ်နေတယ်ဆိုရင်တောင် ငါရှေ့ဆက်တိုးမှာဘဲ....

                                                   ယုမိ

နင်ကငါ့ သူငယ်ချင်းဖြစ်တဲ့အတွက်
နင်လမ်းမှားမရောက်အောင် ကူညီရမှာငါ့တာဝန်ဘဲ
အမှန်ကိုသိရင် ပြင်ဆင်လို့ရပါသေးတယ်....
အဲ့ဒီအချိန်ဘယ်သူမှ နင့်ဘေးမှာ မရှိရင်တောင်
ငါအမြဲရှိပေးနေမယ်ဆိုတာ နင်ယုံပေးပါ

                                                  မေနှင်းသဒ္ဓါ

Storyအကြောင်းအခုမှ ပြောရတာက
ဇာတ်ကောင်တွေအကြောင်းကိုအရင်သိစေချင်လို့ပါ
အခုထက်ထိမပါသေးတဲ့ မိန်းကလေးဇာတ်ကောင်နှစ်ယောက်လည်း ကျန်သေးတယ်နော် သူတို့ကတော့နောက်ပိုင်းမှ ပါလာမှာဆိုပေမဲ့ အခုတစ်ခါတည်း ထည့်ရေးထားပါတယ်...

ဒီficလေးကတော့

စကားတစ်ခွန်းသာပြောလိုက်ရင် ပြီးသွားမဲ့ ကိစ္စမှာ
တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားရင်း ဝမ်းနည်းစရာ ကိစ္စတွေ ဖြစ်လာရတဲ့အကြောင်းတွေ

အချစ်နဲ့ပတ်သတ်ပြီး
လူငယ်တွေအပေါ်မှာဖြစ်တတ်တဲ့ အကြောင်းလေးတွေကို
ရေးသွားမှာဘဲဖြစ်ပါတယ်

ရှေ့ဆက်ပြီး ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ အာသာနဲ့အတူတူ ရင်ခုန်ကြည့်ရအောင်နော်.......

                                                       Han❤

❤Love is Smiling❤  (Z/U)(Completed)                            Opowieści tętniące życiem. Odkryj je teraz