Part 17(Unicode)

1.7K 134 0
                                    

ကိုယ်ဝါသနာပါရာ တက္ကသိုလ်အသီးသီးကို တက်ရောက်နေကြသည်ဖြစ်၍ ဖြိုးမင်းသူရတို့ သူငယ်ချင်းသုံးယောက်လုံး ယခင်ကလောက် သိပ်မတွေ့ဖြစ်ကြတော့ပေ။

ဖြိုးမင်းသူရမှာ YUFLတွင် အင်္ဂလိပ်ဘာသာကို အဓိကယူသည်။ ညနေပိုင်းမှာလည်း သူဝါသနာပါရာ
Bakeryသင်တန်းကိုလည်း တက်ရသေးသည်။
ညမိုးချုပ်မှ ပြန်ရောက်သည်က များသောကြောင့်
ဟန်သာနှင့်တွေ့ဖြစ်ရန် သိပ်မလွယ်ကူတော့။

ဟန်သာသည်လည်း သူ့အလုပ်နှင့်သူ မအားတာက များနေသည်။ ဟန်သာ့ဖေဖေ
ဦးဟန်ရှိန်က သူ့စီးပွားရေး လုပ်ငန်းများအား သားဖြစ်သူ
ဟန်သာ့ဆီသို့ တာဝန်လွှဲအပ်နိုင်ရန် စီးပွားရေးလောကထဲသို့ ဝင်ခိုင်းသည်။

ဟန်သာက ဖြိုးမင်းသူရနှင့် YUFLမှာဘဲ
အတူတူတက်ချင်သည်။ ထို့နောက် သူဝါသနာပါရာ
Designerသင်တန်းကိုလည်း တက်ချင်သည်။
သို့သော် ဦးဟန်ရှိန်ကိုကြောက်ရ၍ မိမိ၏ ဝါသနာအား
စွန့်လွှတ်ကာ ဦးဟန်ရှိန်၏ အုပ်ထိန်းမှုအောက်တွင်
ကိုယ်ဝါသနာမပါသော စီးပွားရေးနှင့်သက်ဆိုင်သည်များကို မတက်ချင်လည်းတက်နေရသည်။

တစ်နေ့ကုန်ကျောင်းမှာ အချိန်ကုန်နေရသည့်အပြင်
အခြား bussiness diplomaသင်တန်းများကိုလည်း တက်ရသေးသည်။အိမ်ပြန်ရောက်လျှင်လည်း တစ်နေကုန်သင်သမျှစာများအား ပြန်လုပ်ရသည့်အပြင်
ဖခင်ဖြစ်သူ၏ကုမ္ပဏီအလုပ်များကိုလည်း ဝိုင်းကူရသေးသဖြင့် အားလပ်ချိန်ဆိုတာ မရှိသလောက်ဖြစ်သည်။

ဖြိုးမင်းသူရနှင့်က အိမ်ချင်းနီးသည်မို့
တွေ့ချင်လာလျှင် ချက်ချင်းပြေးတွေ့လို့ရပေမဲ့
ပိုင်ဦးမောင်နှင့်တော့ ကျောင်ဖွင့်ရက်များတွင် အဆက်အသွယ်ပြတ်နေသည်။ ဆေးကျောင်းတက်နေသော ပိုင်ဦးမောင်သည်လည်း ကျူရှင်တစ်ခုပြီးတစ်ခု တက်နေရသည်နှင့် အားသည်မရှိ။ ကျောင်းပိတ်ရက်မှသာ
သူငယ်ချင်းသုံးယောက် အပြင်မှာချိန်းပြီးတွေ့ဖြစ်ကြသည်။

နောက်သုံးရက်အကြာတွင် ကျရောက်တော့မည့် မွေးနေ့အတွက် ဖြိုးမင်းသူရတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားနေလျက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း
ကျင်းပခဲ့ပေမဲ့ စိတ်လှုပ်ရှားခြင်းအလျဉ်းမရှိ။ ဒါပေမဲ့ ဒီနှစ်မွေးနေ့ကတော့ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှုပေါင်းများစွာကိုပေးစွမ်းနေသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now