Part 24(Unicode)

1.8K 132 3
                                    

ပခုံးပေါ်မှ ငဖြိုးရဲ့လက်တွေ တဖြည်းဖြည်း ပြေလျော့သွားသည်။ ထို့နောက် ယုမိကိုတစ်ချက်ကြည့်ပြီး....ကျွန်တော့ဘက်သို့ ပြန်လှည့်ကြည့်ကာ...

"ဟန်သာ.....မင်းယုမိကို..လက်ထပ်ပါ......"

ဒီစကားကြားလိုက်ရတဲ့ အခိုက်အတန့် ကျွန်တော့ရင်ထဲမှ
အစိတ်အပိုင်းတွေ ဘာမှမရှိတော့သလို.....အနက်ရှိုင်းဆုံး
ချောက်ထဲကို ပြုတ်ကျနေတဲ့ လူတစ်ယောက်လို
ဖြစ်သွားရသည်။

*နောက်ဆုံးတော့ ငဖြိုးလည်း
ကျွန်တော့ကို မယုံပေးနိုင်ခဲ့ပါဘူး........*

"ငဖြိုး......မင်းလည်းငါ့ကိုမယုံဘူးလား....
ဘာလဲမင်းက မင်းသူငယ်ချင်းငါ့ထက်.... သူပြောတဲ့စကားကို ယုံနေတာလား......"

ယုမိအား လက်ညှိုးတထိုးထိုးနှင့် မကျေနပ်ချက်များကို ဖွင့်ဟနေသည်။ သူ အအတစ်ယောက်လို ပါးစပ်ပိတ်မထားနိုင်တော့....တစ်ခြားသူတွေထက်
ဖြိုးမင်းသူရကိုယ်တိုင်ကပါ ...သူ့ကိုမယုံကြည်၍ သူခံပြင်းရခြင်းဖြစ်သည်။

ဟန်သာပြောသမျှကို ဖြိုးမင်းသူရအပါအဝင် ကျန်တဲ့သူများပါ ဘာမှဝင်မပြောဘဲ နားထောင်နေကြသည်။

"ငါမလုပ်တဲ့ကိစ္စတစ်ခုကို ငါကဘာလို့
တာဝန်ယူပေးရမှာလဲ....."

ဖြိုးမင်းသူရ အတတ်နိုင်ဆုံး စိတ်ကိုလျှော့လိုက်သည်။
အခုအချိန်မှာ သူစိတ်ပူတာက ဟန်သာ့ကိုပတ်ဝန်းကျင်က
ဝိုင်းအပြစ်တင်ကြမှာ....တစ်ခြားသူတွေအမြင်မှာ....
သူ့ကိုယောကျ်ားကောင်းတစ်ယောက် မဟုတ်ဘူးလို့ ထင်သွားကြမှာကို သူအရမ်းစိုးရိမ်သည်။

ဒါ့ကြောင့် သူဘယ်လောက်ဘဲ နာကျင်ရနာကျင်ရ
အကောင်းဆုံးနည်းလမ်းတစ်ခုက ယုမိကိုလက်ထပ်ဖို့
ဟန်သာလက်ခံအောင် ဖျောင်းဖျနိုင်ရန်ဖြစ်သည်။

"ဟန်လေး.....ငါပြောတာနားထောင်ပါ.....
ယုမိက မိန်းကလေးတစ်ယောက် သူ့သိက္ခာကို မင်းထည့်စဉ်းစားပေးပါ.....သူက မင်းချစ်တဲ့သူတစ်ယောက်
မဟုတ်ဘူးလား.....မင်းသွေးသားကိုလက်ခံဖို့ ဘာတွေဒီလောက်တောင် စိုးရွံ့နေတာလဲ.... မင်းယောကျ်ားပီသရမယ်....ငါချစ်ရတဲ့ ငါ့သူငယ်ချင်းကို
တစ်ခြားသူတွေ လက်ညှိုးဝိုင်းထိုးမှာ ငါမမြင်ချင်ဘူး.....
အကောင်းဆုံးနည်းလမ်းက မင်းယုမိကို လက်ထပ်ရမယ်..."

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now