Part 5(Unicode)

3.2K 221 0
                                    

'တီမြတ်ရေ ဟန်သာ အဆင်သင့်ဖြစ်ပြီလား....'

အိမ်တံခါးဝမှာ ရပ်ကာ အော်ခေါ်နေသော ဖြိုးမင်းသူရအား
ဒေါ်မြတ်သာ မီးဖိုချောင်ထဲမှ ပြန်လည်၍ အသံပြုကာ ဖြေလိုက်သည်။

'ခဏလေး...သားလေးရေ အန်တီထွက်လာပြီ....'

'ဟန်သာက အခုထိမထသေးဘူးသားရေ...
ခေါ်နှိုးလို့လည်း မရဘူး...သားရယ် ကူညီပါဦး ဟန်သာ့ကိုသွားနှိုးပေးပြီး ပြင်ဆင်ခိုင်းလိုက်နော် အကျႌတွေလည်း အကုန်ထုတ်ပေးထားတယ်...ရအောင်ခေါ်နှိုးလိုက်နော် သား ...အန်တီ...ထမင်းဘူးပြင်နေလို့....'

ဒေါ်မြတ်သာတို့အိမ်တွင် အိမ်ဖော်များရှိပေမဲ့ ခင်ပွန်းနှင့်သားဖြစ်သူအတွက်တော့ သူကိုယ်တိုင်ပင်ပြင်ဆင်ရမှ ကျေနပ်သူဖြစ်သည်။

'ဟုတ်...ဟုတ်...သား သွားနှိုးလိုက်မယ်'

လှေကားထစ်များကိုကျော်ကာ  အပေါ်ထပ်သို့ အပြေးလေးတက်သွားသော ဖြိုးမင်းသူရအား ကြည့်ကာ
ဒေါ်မြတ်သာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်ပြုံးမိသည်။

ဒီကလေးတွေ မျက်စိရှေ့မှာတင် အရွယ်ရောက်လာကြပြီဘဲ....ဟုတ်ပါတယ် ဖြိုးမင်းသူရနှင့်ဟန်သာ ရှစ်တန်းကျောင်းသားအရွယ်သို့ပင် ရောက်လာကြပြီလေ။မိဘများအား တီတီတာတာပြောတတ်သော ကလေးအရွယ်လေးတွေသည်
မနေ့တနေ့ကလိုပင် ဒေါ်မြတ်သာမျက်လုံးထဲမှာပင်မြင်ယောင်လာမိသည်။

ရှပ်အကျႌအဖြူရောင်ကို အကျႌလက်က တံတောင်ဆစ်ထိခေါက်တင်ထားကာ နက်ကတိုင် အနက်ရောင်လေးနှင့် အနက်ရောင်စတိုင်ပင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသော ဖြိုးမင်းသူရ...

ငယ်ငယ်ကတည်းက ကောင်းသောမျက်ခုံးသည် အရွယ်ရောက်လာမှ ပို၍ နက်မှောင်လာသလို ပြုံးလိုက်ရင် ပေါ်လာတတ်သော သွားဖြူဖြူလေးများနှင့် ပါးချိုင့်များကလည်း လူချောတစ်ယောက်ဖြစ်သော ဖြိုးမင်းသူရအား ပိုမိုပင်ချောမောစေပါသည်။ ဆံပင်ကိုလှန်တင်ထားသောကြောင့် မြင်နေရသောမဟာနဖူးသည် လည်း ဖြိုးမင်းသူရ မျက်နှာနှင့်လိုက်ဖက်ညီစွာ ရှိနေပါသည်။ရွှေရောင်ဝင်းသော အသားအရေ ဆိုသည်မှာ ဖြိုးမင်းသူရအားပြောသည်ထင်သည်။ ဖြူသောအသားအရေထက် အဝါရောင်ဘက်သန်းနေသော အသားအရေကို ပိုင်ဆိုင်ထားလေသည်။ဒါ့အပြင် မြင့်မားသော အရပ်ကလည်း ရှစ်တန်းကျောင်းသားအရွယ်နှင့်မလိုက်အောင်ပင်။
တစ်နည်းပြောရမည် ဆိုလျှင်တော့ မြင်လိုက်သူတိုင်း မျက်လုံးမလွှဲနိုင်သည့် လူချောတစ်ယောက်ဖြစ်လေသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now