Extra(Unicode)

4.4K 175 0
                                    

ယောကျ်ားလေးနှစ်ယောက်ရဲ့ ချစ်ခရီးလမ်းက
သာမန်စုံတွဲတွေလို ဖြောင့်ဖြူးသာယာနိုင်သလား.....။

ပတ်ဝန်းကျင်ကိုထည့်မတွက်နဲ့.......။
ကာယကံရှင်နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်
သစ္စာရှိရှိချစ်မြတ်နိုးကြရင် သာယာနိုင်တယ်လို့ ကျွန်တော်ထင်တယ်.....။

လူသားတိုင်းက အများနဲ့တစ်ယောက် ဖြစ်နေတဲ့အချိန်
ရွေးချယ်စရာကြုံလာတဲ့အခါ အဲ့တစ်ယောက်တည်းသော
သူက အများဘက်ကို ပြောင်းသွားတတ်တယ်.....
ကိုယ့်ဆန္ဒက ဘယ်လိုဆိုတာ အရေးမကြီးဘူး....
အများနဲ့လိုက်လျောညီထွေ ရှိဖို့ကိုသာ
သူတို့ရွေးကြတယ်.....

ကျွန်တော်လည်း အများထဲကတစ်ယောက် ဖြစ်ခဲ့ပေမဲ့
အခုချိန်မှာ ကျွန်တော့ဘေးနား အရာရာကို အတူရင်ဆိုင်ပေးမဲ့ ငဖြိုးကြောင့်
တစ်ယောက်တည်းဖြစ်နေမှာလည်း မကြောက်တော့ဘူး....
အများနဲ့အဆင်မပြေမှာလည်း မကြောက်တော့ဘူး....

ကျွန်တော့ဘေးနားမှာ သူရှိနေဖို့က အဓိကဘဲ....
သူလည်းကျွန်တော့ကို သိပ်ချစ်သလို....
ကျွန်တော်လည်း သူ့ကို အရမ်းချစ်တယ်.....
.
.
.
.
လေးယောက်လောက် ထိုင်လို့ရသော ဆိုဖာကြီးပေါ်တွင်
ဟန်သာနှင့်ဖြိုးမင်းသူရက ပူးပူးကပ်ကပ်ထိုင်ကာ ရုပ်ရှင်ကြည့်နေကြသည်။

ဖြိုးမင်းသူရကိုယ်ပေါ်တွင် ဟန်သာကငြိမ်ကာ မှီထိုင်နေရင်း......မုန့်လေးစားကာ ရုပ်ရှင်ကို စိတ်ပါဝင်စားစွာ ကြည့်နေသည်။

ဟန်သာက စိတ်ပါဝင်စားစွာ ကြည့်နေသလောက်
ဖြိုးမင်းသူရကတော့ ရုပ်ရှင်ထဲ အာရုံမရောက်
ရင်ခွင်ထဲမှာရှိနေသော ဟန်သာ့ကိုယ်လုံးလေးအား
လက်တစ်ဖက်ကဖက်ထားကာ ကျန်တဲ့လက်တစ်ဖက်က
ခေါင်းလေးပေါ်တင်ပြီး ဆံပင်လေးတွေကို ဆွဲဖွရင်း
တရှုတ်ရှုတ်နှင့် နမ်းရှိုက်နေသည်။

မွှေးပျံ့သော ရှန်ပူနံ့က နှာခေါင်းတစ်လျှောက်
စွဲမက်စွာ တိုးဝင်နေသည်။ အသဲယားလာလို့
ပါးလေးကို နမ်းလိုက်တော့ ပြာကျသွားနိုင်သော
အကြည့်ဖြင့် လှည့်ကြည့်လာလေသည်။

"ငဖြိုး.....အာရုံပျက်တယ်ကွာ...
ဒီမှာ...ဇာတ်ကားက ကောင်းနေတာကို.....
သေချာကြည့်....မင်းသားနဲ့မင်းသမီးက ကြိုက်နေရက်သားနဲ့ မင်းသားက ဒုက္ခိတမို့လို့
ကောင်မလေးကို စွန့်လွှတ်ပေးလိုက်တာကွ....
ပြီးတော့ ကောင်မလေးအတွက် ပိုက်ဆံတွေလည်း
ထားပေးခဲ့တာ....နောက်ဆုံးပိုင်းမှာ ပိုသနားဖို့ကောင်းတယ်...
ငြိမ်ငြိမ်ထိုင်ကြည့်နေ......."

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now