Part 16(Unicode)

1.9K 133 1
                                    

အောင်စာရင်းထွက်ပြီးရင် ချောင်းသာသွားကြဖို့ကို
ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် တိုင်ပင်ထားကြသည်။

ပိုင်ဦးမောင် ခရီးမှ ပြန်လာပြီး
တစ်ရက်နှစ်ရက်နေရင် သွားမည်ဆိုသည့်အကြောင်းကို
ပိုင်ဦးမောင်နှင့်လည်း တိုင်ပင်ပြီးဖြစ်သဖြင့် မိဘတွေကိုလည်းပြောပြပြီး....ခရီးထွက်ဖို့ စီစဉ်ကြတော့သည်။

ပိုင်ဦးမောင်အဖေသည် ခရီးသွားလုပ်ငန်းကို လုပ်ဆောင်နေသူတစ်ဦးဖြစ်၍ အသွားအပြန်ခရီးအတွက်
ကားနှင့်ဒရိုင်ဘာနှစ်ယောက်ကို အခမဲ့တာဝန်ယူပေးသည်။

ခရီးသည်တင်ယာဉ်ဖြစ်၍ ဒရိုင်ဘာနှစ်ယောက်အပါအဝင်
လူ၉ယောက်သာ ရှိသဖြင့် လိုတာထက် ပိုကျယ်ကျယ်ဝန်းဝန်းနှင့် သက်တောင့်သက်သာရှိလှသည်။
ပိုင်ဦးမောင်၏မိဘများကတော့ ခရီးမှပြန်လာတာ မကြာသေးသည်ဖြစ်၍ မလိုက်ကြတော့ ပိုင်ဦးမောင်ကိုသာ
ကျွန်တော်တို့နှင့်တူတူ ထည့်ပေးလိုက်သည်။

မနက် ၂နာရီလောက် အိမ်မှစထွက်ကြသည်။
အိပ်လို့အကောင်းဆုံးအချိန်ဖြစ်နေသဖြင့် လမ်းပေါ်တွင်
လူသွားလူလာများ မတွေ့ရတော့....
ကားတစ်စီးနှစ်စီးစတော့ တွေ့နေရသေးသည်။ ပတ်ဝန်းကျင်သည် မှောင်နေသော်လည်း ဓာတ်တိုင်မီးရောင်များ ရှိသဖြင့် အနည်းငယ်တော့ လင်းလင်းထင်းထင်းရှိပါသည်။

ခရီးသွားရင် ပြတင်းပေါက်နားမှာထိုင်ပြီး
နားကြပ်လေးတပ် အပြင်ရှုခင်းတွေကို ငေးကြည့်ရင်း
ဟိုဟိုဒီဒီ လျှောက်တွေးရတဲ့ feelingကို
ကျွန်တော် သဘောကျသည်...........

အဲယားကွန်းလေထက် ပြတင်းပေါက်ကတစ်ဆင့်
တိုးဝင်လာတဲ့ လေအေးအေးကို မျက်လုံးလေးမှိတ်ပြီး
ခံယူရတာကိုလည်း ကျွန်တော်ကြိုက်သည်......

ဒါပေမဲ့ ဒီတစ်ခေါက် ခရီးထွက်ရတာကတော့
ကျွန်တော့မှာ နားကြပ်တပ်ပြီး ငေးမောဖို့
လေညှင်းခံဖို့နေနေသာသာ ကလေးထိန်းရင်းနဲ့သာ
အလုပ်ရှုပ်နေသည်.....

ကျွန်တော်သဘောအကျဆုံး
ပြတင်းပေါက်ဘေးနေရာကို ကျွန်တော်မနိုင်တဲ့
ကလေးပေါက်စက နေရာယူထားလေရဲ့.....

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now