Part 18(Unicode)

1.7K 137 1
                                    

သူမကဘယ်လိုဖြစ်ပြီး???

မေနှင်းနဲ့စကားကောင်းနေ၍ သေချာမမြင်မိ။ မေနှင်းမိတ်ဆက်ပေးမယ်ဆိုမှ သေချာကြည့်မိတော့...
သူမဘဲ။ ငယ်ငယ်တုန်းကထက် အများကြီးပိုလှလာတယ်။
ရုတ်တရက်ကြည့်ရင် မှတ်တောင်မမှတ်မိဘူး။ ဒါပေမဲ့ သူမက ဘယ်လိုဖြစ်ပြီး မေနှင်းနဲ့သူငယ်ချင်း ဖြစ်သွားရတာလဲ။

ဟန်လေးကိုကြည့်လိုက်တော့ ကျွန်တော်အံ့ဩနေသလို
သူလည်းအံ့ဩသွားပုံရတယ်။ ဒါမှမဟုတ် ပျော်သွားတာလား???သူ့ရဲ့crushကို နောက်တစ်ကြိမ်
ပြန်တွေ့လိုက်ရလို့လေ။

နောက်တစ်ကြိမ် ကျွန်တော်ချစ်တဲ့သူကို ဆုံးရှုံးရဦးမှာလား???

၁ဝနာရီလောက်ရောက်တော့ ဧည့်သည်တွေလည်း ပြန်သွားကြပြီ။ ခြံထဲက စားပွဲတွေ ခုံတွေကို အလုပ်သမားတွေနဲ့အတူတူ ကျွန်တော်နဲ့ငဖြိုး ဝိုင်းသိမ်းပေးဖြစ်ကြတယ်။

အလုပ်လုပ်နေသော်လည်း စိတ်ကမပါ။ ယုမိကိုငေးကြည့်နေတဲ့ ငဖြိုးရဲ့မျက်လုံးတွေက ဘယ်လိုအဓိပ္ပါယ်ရှိသေးလဲ ကျွန်တော်မမှန်းတတ်။
ကျွန်တော်သူ့ကိုလိမ်ခဲ့တဲ့ အချိန်တည်းက သူယုမိအပေါ်
ခံစားချက်ရှိနေပေမဲ့ ကျွန်တော့ကြောင့် သူဘာမှမပြောတော့တာ။ ဒါပေမဲ့ အချစ်ဦးဆိုတာမျိုးက မေ့လို့မရနိုင်ဘူးမလား။ သူ့စိတ်ထဲမှာ ယုမိအပေါ် ဘယ်လိုသဘောထားသေးလဲ ကျွန်တော်သိချင်တယ်။

"ဝုန်း.........."

အသံကြားရာ လှည့်ကြည့်လိုက်တော့
ပြန့်ကြဲနေတဲ့ ပန်းကန်တွေနဲ့အတူ မြေကြီးပေါ်မှာထိုင်လျက်သားလေး ဖြစ်နေတဲ့ ဟန်လေးကိုလည်း တွေ့လိုက်ရသည်။

အတွေးလွန်နေတာနဲ့ ခဲလုံးကိုမမြင်မိဘဲ ချော်လဲပြီး
ပန်းကန်တွေပါ ကွဲကုန်သည်။ ငဖြိုးရော အလုပ်သမားတွေအားလုံးရဲ့ အကြည့်က ကျွန်တော့ဆီမှာ။

အသံကြားပြီး ကျွန်တော့အနားကို ရောက်လာတဲ့
သူတွေကို ခေါင်းငြိမ့်ပြရင်း အဆင်ပြေကြောင်း ကျွန်တော်ပြောသည်။ ပြန်ထဖို့လုပ်သော်လည်း ခေါက်သွားသော ခြေထောက်ကြောင့် ချက်ချင်းပြန်ထလို့မရ။

"ဟန်လေး......ဘာဖြစ်တာလဲ....."

ငဖြိုး ကျွန်တော့အနားကို ရောက်လာပြီး မေးမြန်းသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now