Ending Part 2(Unicode)

4.3K 165 0
                                    

"အစ်မ....စုံတွဲခုံတစ်ခုံ......"

ရုပ်ရှင်လက်မှတ်ဖြတ်ပေးတဲ့ ကောင်မလေးက ဖြိုးမင်းသူရတို့နှစ်ယောက်အား အကဲခတ်သလိုကြည့်နေ၏။

ပိုက်ဆံရှင်းပေးပြီးတော့ ကောင်မလေး၏လက်ထဲမှ
လက်မှတ်ကိုဟန်သာက ဆွဲယူလိုက်ပြီး ဖြိုးမင်းသူရ၏ လက်မောင်းကိုချိတ်ကာ.....

"လာကိုကို.....မုန့်လည်းဝယ်ရဦးမယ်....
မြန်မြန်သွားရအောင်......"

ရုတ်တရက်ကြီး ကိုကိုလို့ခေါ်ပြီး အသဲယားစရာပုံစံနှင့်
ဟန်သာ့အား ဖြိုးမင်းသူရ ကြောင်တောင်တောင်လေး ငေးကြည့်လျှက်...ဟန်သာဆွဲခေါ်ရာနောက်သို့ လိုက်ပါသွားရသည်။

ပေါက်ပေါက်နဲ့အအေး ဝယ်ဖို့စောင့်နေရင်းမှာလည်း..မျက်နှာကရှုံ့မဲ့ပြီး
ပါးစပ်ကလည်း ပွစိပွစိနှင့်ပြောနေသောကြောင့်...
ဖြိုးမင်းသူရ မေးကြည့်လိုက်သည်။

"ဟန်လေး....ဘာဖြစ်နေတာလဲ... ပါးစပ်ကလည်းပွစိပွစိနဲ့..."

"ဘာဖြစ်ရမှာလဲ.....ဟိုကောင်တာကအမပေါ့..... ကြည့်တာကြည့်တာဆိုတာ.....မျက်လုံးကြီး ကျွတ်ကျတော့မယ်....မိန်းကလေးဖြစ်ပြီး ဟန်တောင်မဆောင်နိုင်ဘူး......"

"ဟန်လေးကလည်း....
သူ့ဘာသာကြည့်တာ ကြည့်ပစေပေါ့.....ဘာဖြစ်လို့လဲ...."

"ဖြစ်တာပေါ့.....မင်းမျက်နှာကို ငါတစ်ယောက်ထဲကြည့်ရင်ရပြီ...။တခြားဘယ်သူမှ
မကြည့်စေနဲ့.....ပြီးတော့ မင်းကလည်း
ဒီလောက်ချောအောင်မနေနဲ့......."

"ဟား.....ဟား......"

ဟန်သာ့စကားကြောင့် ဖြိုးမင်းသူရရယ်မိသည်။
အမေမွေးကထဲက ဘယ်လိုနေနေကြည့်ကောင်းနေတဲ့ မျက်နှာကို ချောအောင်မနေနဲ့ဆိုတော့ အိုးမည်းဘဲ
ပြေးသုတ်ထားရတော့မလိိုလို....။ဒီကောင်လေး....
မသောက်ဘဲနဲ့ ရစ်နေလေပြီ...။

"နောက်တခုရှိသေးတယ်......ပါးချိုင့်တွေမပေါ်စေနဲ့.....
သွားပေါ်အောင်မရယ်နဲ့....ဖြစ်နိုင်ရင် မျက်နှာကို စူပုတ်ထား.....မဖြစ်ဘူး....နှာခေါင်းစည်းတပ်ထားပေးရင်
ကောင်းမလား......."

"ဟား....နှာခေါင်းစည်းတပ်ဖို့ထိတော့ မလိုပါဘူးဗျာ...
ကျွန်တော်မျိုးကြီး....ရုပ်ကို အတတ်နိုင်ဆုံး တည်ထားပါ့မယ်....ပြုံးလည်းမပြုံးဘူး....ရယ်လည်း မရယ်ဘူးဟုတ်ပြီလား....နေပါဦး....ဒါနဲ့....အခုသဝန်တိုနေတာလား....."

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now